Skip to main content

တိုက်ကြီး မြို့နယ်၌ ဂျီအထီးတစ်ကောင်အား မျိုထားသော (၁၈) ပေရှည် စပါးကြီးမြွေကြီး တွေ့ရှိ

တိုက်ကြီး မြို့နယ်၌ ဂျီအထီးတစ်ကောင်အား မျိုထားသော (၁၈) ပေရှည် စပါးကြီးမြွေကြီး တွေ့ရှိ

ရန်ကုန် စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်အုပ်စု၊ တိုက်ကြီး-ဖောင်ကြီး လမ်း၊ လိပ်ကြည့်ကျေးရွာအနီး တောစပ်တွင် စက်တင်ဘာ ၂၉ ရက် (၂:၄၀) နာရီအချိန်ခန့် က ဖက်ခူးရန်သွားသော ရွာသားများမှ စပါးကြီးမြွေကြီး တစ်ကောင်အား တွေ့ရှိရာ လူကိုရန်ပြု မည်စိုး၍ ဦးခေါင်းအား ဓားဖြင့်ခုတ်ဖြတ်ကာ ရွာသို့ သယ်ယူလာကြောင်း သိရသည်။

အဆိုပါ စပါးကြီး မြွေကြီးသည် အလျား(၁၈)ပေရှည်လျားပြီး မြွေကြီး၏ ဝမ်းဗိုက်အား ခွဲစိတ်ကြည့်ရာ ဦးဂျို(၄)လက်မခန့်ရှိပြီး အလေးချိန်(၁၁) ပိဿာခန့်ရှိ ဂျီဖိုတစ်ကောင်တွေ့ရှိပြီး စပါးကြီးမြွေသား (၃၃) ပိဿာကျော်ထွက် ရှိကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)

Source : Myanmaalinn