ထီပေါက်ရင် ကျောင်းပြန်တက်မှာဆိုတဲ့ လမ်းပေါ်က ပန်းကလေး
လမ်းပေါ်က ပန်းကလေး
ချစ်လိုက်တာ ဓာတ်ပုံ အရိုက်ခံရင် ထီထိုးမယ် ဆိုတော့ ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာ ထီထိုးပါတဲ့။ သူရွေးပေးတဲ့ ၁၀ စောင်တွဲယူတော့ ဖုန်းနံပါတ်ရေးတယ် လက်ရေးက ခနော်ခနဲ့ ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့ ၅ တန်းနဲ့ ကျောင်းထွက် လိုက်ရတာ တဲ့။

တို့တိုင်းပြည်က မဖူးခင် ကြွေရတဲ့ ပန်းတွေ သူထီရောင်းနေတဲ့ လမ်းက စာသင်ကျောင်းနဲ့ ကပ်လျက် စာသင်ခန်းထဲက စာအံသံတွေ လမ်းမက ကြားနေရတယ်။ ကလေးရယ် သူလည်း ကျောင်းနေချင်ရှာမှာပဲ။

အဲ့ဒီအရွယ်လေးတွေ စာသင်ခန်းထဲ မရှိပဲ လမ်းပေါ်မှာ ရှာဖွေစားနေရတာ မြင်ရရင်လေ အလိုလို ရင်ထဲမှာ မကောင်းတော့ဘူး။ လူတကာရဲ့ အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ့်ကြောင့် သူ့ သောကလေး နဲနဲဖြစ်ဖြစ် သက်သာမယ်ဆိုလည်း လုပ်မယ်။

တကယ်တော့ ဒီလအတွက် ထီက ရုံးက ညီမ တစ်ယောက်ဆီမှာ ထိုးပြီးသား။ သူ့ကိုမြင်တော့ ၁၀ စောင် ထပ်ထိုးတယ်။ ဆုကြီးပေါက်ရင် မင်းကို ထီရောင်းဖို့ ကားတစ်စီး ဝယ်ပေးမယ်လို့ ဆိုတော့ သားက ထီပေါက်ရင် ကျောင်းပြန်တက်မှာတဲ့ ။
Ok အန်တီ ပေါက်ရင်လည်း သားကို ကျောင်းပြန် တက်ရအောင် လုပ်ပေးမယ်လို့ ပြောတော့ ချစ်စရာမျက်နှာပေးလေးနဲ့ ရီနေတယ် ။ ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့် ရှိသလို သူလည်း သူ့အတွေးလေးနဲ့ သူပျော်ပါစေ ။ ကျောင်းထဲမှာ ပျော်နိုင်ပါစေ ကလေးရယ် ။
ဂျေလှသင်
27.9.2019, 8:49 pm