Skip to main content

ချစ်ရင် ပိုက်ဆံ ပို့ပေးဆိုတဲ့ အွန်လိုင်းက ချစ်သူကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးပဲ ဒေါ်လာ ၄၀၀၀၀ ပို့ပေးခဲ့သူ

ချစ်ရင် ပိုက်ဆံ ပို့ပေးဆိုတဲ့ အွန်လိုင်းက ချစ်သူကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးပဲ ဒေါ်လာ ၄၀၀၀၀ ပို့ပေးခဲ့သူ

Caesar ဆိုတဲ့အမျိုးသားတစ်ဦးဟာ Nails art ဆိုတဲ့ လက်သည်းအလှပြင်တဲ့အလုပ်ကို လုပ်ကိုင်တဲ့လူတစ်ယောက်ပါ။သူဟာ သူ့အလုပ်မှာလည်း ကြိုးစားလုပ်ကိုင်သူဖြစ်ပြီး ကာစတမ်မာတွေအပေါ်မှာလည်း ဧည့်ဝတ်ကျေပွန်သူဖြစ်ပါတယ်။

Caesar ဟာ ရည်းစားဦးနဲ့ကွဲပြီးနောက်မှာတော့ အခုလက်ရှိအွန်လိုင်းမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတာပါ။ဒီကောင်မလေးဟာ သူ့ကို ဘေဘီ ယောကျ်ားရေ အစရှိတဲ့အသုံးအနှုန်းလေးတွေနဲ့ နားဝင်ချိုတဲ့စကားလေးတွေပြောကာ ဗွီဒီယိုလေးတွေ ပို့လေ့ရှိပါတယ်။

သူတို့အတူတူနေဖို့ လက်ထပ်ကြဖို့ပြောဆိုကြတာ ၃နှစ်ကျော်ပြီလို့ သူဟာ သူ့ရဲ့ကာစတမ်အမျိုးသမီးကို ရင်ဖွင့်ပါတယ်။ ဒါပေမဲ့ သူ့ချစ်သူဟာ သူ့ကိုတွေ့ဖို့ ငြင်းနေဆဲပဲလို့သိရပါတယ်။

သူတို့ဟာ ဖုန်းတွေပြောတယ် e-mailတွေ ပို့တယ် မက်ဆေ့ချ်တွေပို့ပြီးဆက်သွယ်လေ့ရှိတယ်လို့ Caesarကဆိုပါတယ်။ သူဟာ သူချစ်ရတဲ့မိန်းကလေးကို ဒေါ်လာ ၄၀၀၀၀ လည်း ပို့ပေးထားဖူးတယ်လို့ ပြောရှာပါတယ်။

သူဟာ သူ့ချစ်သူကိုတွေ့ဖို့ကြိုးစားနေဆဲပါပဲ။ ဒီဗွီဒီယိုလေးထဲမှာတော့ ကောင်မလေးဟာ ရာသီဥတုကအေးသေးလို့ ရာသီဥတုကောင်းမှတွေ့ကြဖို့ ဖုန်းထဲမှာဖြေထားတာကိုတွေ့ရမှာပါ။

သူတို့ဟာ တွေ့ဖို့ သုံးကြိမ်စီစဉ်ခဲ့ပေမယ့် ကောင်မလေးဘက်က လေယာဉ်လွဲသွားလို့ ဘာကျန်လို့ ဘာဖြစ်လို့ စတဲ့အကြောင်းပြချက်တွေပေးကာ တွေ့ဖို့ငြင်းနေဆဲပါပဲ။

Source : Aung Par Say