ကြက်ဥပူတင်း ပြုလုပ်နည်း
(၁ ဘန်းစာ အချိုးကိုပဲ ရေးထားပါတယ်။ ပုံထဲကတော့ ၂ ဘန်း လုပ်ထားလို့ပါ)
ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်) သေးရင် ၁လုံး ပိုထည့်
နွားနို့ = ၁လီတာ
သကြား= ၁၀ကျပ်သား
ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း)
ဆား= လက်ဖက်ရည်ဇွန်းတဝက်
ဗနီလာနံ့= ၁စက် (မရှိရင် custard powder တဇွန်းလောက် ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင် ထည့်တာပါ
ထောပတ် = ၁ဇွန်း(ထမင်းစားဇွန်း)
အရင်ဆုံး ကြက်ဥကို ကြေအောင် ခေါက်မွှေပါ။ သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀ မိနစ်လောက် ထပ်မွှေပါ။ ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ။ အဖတ်တွေ မဖြစ်အောင်ပါ။
ဖုတ်မယ့်ဘန်း ကို ထောပတ် ၁ ဇွန်းနဲ့ နှံ့အောင်သုတ်ထားပါ။ အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင် ကျိုပါ။ အဆက်မပြတ် မွေနေရပါမယ်။
ဗနီလာ တစ်စက်လောက်ထည့်ပါ။ မိနစ် ၂၀ လောက် ကျိုရပါတယ်။ ပျစ်လာရင် ဖုတ်မယ့် ဘန်း ၉+၁၁ လက်မ ထဲထည့် အပူချိန် ၁၆၀° စင်တီဂရိတ် မိနစ် ၃၀ ဖုတ်ပါ။ နီရောင်သမ်းလာရင် အအေးခံပါ။ လုံးဝ အေးသွားမှ ရေခဲသေတ္တာထဲ ၁ နာရီ လောက်ထည့်ပါ။ မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ်။

(တခြားနည်းတွေလဲ ရှိပါတယ်။ ဒါလေးကတော့ ဆွမ်းကပ်တာပဲ ဖြစ်ဖြစ် အလှူပဲဖြစ်ဖြစ် ကျမတို့ မိုးကုတ်မြို့မှာ အချိုပွဲ အနေနဲ့ ထည့်ကြတာမို့ အဲ့ဒီ နည်းလေးနဲ့ လုပ်ထားတာပါရှင်)
ပေါင်းလို့လဲ ရပါတယ် ဒါပေမယ့် ဘန်းကကြီးလို့ ပေါင်းအိုးနဲ့ မဆန့်ရင် တဝက်အချိုးနဲ့ လုပ်လို့ရပါတယ်။ ကျမတို့ဆီမှာတော့ ပေါက်ဆီပေါင်းတဲ့ အိုးအကြီးနဲ့ ၁၀ ဘန်း တပြိုင်နက် ပေါင်းကြပါတယ်။ ပြီးမှ အပေါ်မီး နဲနဲ တင်လိုက်တာပါရှင်။
Credit : Yamin Thawdar