ဒူးနာ ခါးနာ အတွက် လွယ်ကူသော ဆေးနည်း
တောရှောက်ခါးသီး (ခ) ရှောက်ဘီလူးအား အလယ်မှ ထက်ခြမ်းခွဲပါ။ ရိုးရိုး ရှောက်သီးလည်း ရပါသည်။
ကြက်သွန်နီကို အကွင်းလိုက် ထူထူလေးလှီးပြီး ရှောက်သီးကြားမှာ ညှပ်ပါ။ ကွာမသွားစေရန်အတွက် ဝါးခြမ်းတုတ်ချောင်းနဲ့ ကန့်လန့်ဖြတ် ထိုးလိုက်ပါ။
ရှောက်သီးတွေကို နူးအိသွားအောင် ရေခန်းပြုတ်ပါ။ ရလာတဲ့ ရှောက်သီးကို အတုံး ငယ်ငယ်လေးတွေ စိတ်ပြီး အဝကြယ် ဖန်ပုလင်းထဲကို ထည့်ပြီး မီးတောက်အရက်နဲ့ စိမ်ထားပါ။ မီးတောက်အရက် အဆင်မပြေရင် အရက်ပြင်းပြင်းကို အရက်ပျံရောပြီး သုံးလို့ရပါတယ်။
ပုလင်းကို တစ်လလောက် နေပူထဲမှာ ပစ်ထားလိုက်ပါ။ ဒီနောက်တော့ သုံးလို့..ရပါပြီ။ ကြာလေ ကောင်းလေပါပဲ။

ဒူးနာသူတိုင်း (မပျောက်မှာ ) ကတော့ သေချာပါသည်။ ကုသိုလ်ထူးလို့ အနာနဲ့ ဆေးတည့်သူမှာတော့ အဆင်ပြေပါလိမ့်မည်။
အရိုးပါးနေသူ အရွတ် ပဲ့နေသူတွေကတော့ ဒူးခေါင်းအစားထိုးမှ ရပါတယ်။ ကုန်ကျစားရိတ်ကတော့ ဒူးတစ်ဘက်ကို သိန်း ၈၀ လောက်ရှိပါတယ်။
ဆေးပူကြိုက်သူတွေ အတွက်တော့ ပရုတ်လေးပါးဆေး (ခ) မင်းလေးပါးဆေးက မဆိုးပါဘူး။ နီးစပ်ရာ ဘယဆေးဆိုင်တွေမှာ ပရုတ်လေးပါး တစ်ကျပ်သားစီ ပေးပါဆိုရင် သူတို့ နားလည်ပါတယ်။
ပရုတ်လေးပါးဆိုတာက ပရုတ်၊ မင်သော်၊ သိုင်းမောနှင့် ဖုန်းမသိမ်ပါ။ တစ်မျိုး တစ်ထုတ်နှုန်းနဲ့ လေးထုတ် ပေးပါလိမ့်မယ် အခဲတွေပါ။
အိမ်ရောက်မှ အဝကြယ်တဲ့ ပုလင်းထဲကို ရောထည့်လိုက်ပါ။ ခဏကြာရင် အရည် ဖြစ်သွားပါလိမ့်မယ်။ သူက ပူပါတယ်။ ပူလွန်းတယ်ထင်ရင် မုံညင်းဆီကို လိုသလောက် ရောပေးပါ။
စုစုပေါင်း လေးကျပ်သားကို သုံးထောင်ကျော်လောက် ကျပါမယ်။အဆီတွေမို့ တော်တော်ကြာကြာ သုံးရပါတယ်။ ။
မိမိ၏ အတွေ့အကြုံကို မျှဝေလို့ ဆေးဒါနပြုလိုက်ပါတယ်။ ဖရင်းအများ ဒူးနာကင်းဝေး ထိုင်ထ မလေးစေရန် ဆုတောင်းပေးလိုက်ပါသည်။ ။
မေတ္တာများစွာဖြင့်..
Ma Chaw