ရဲတပ်ကြပ် တစ်ဦး ငါးမျှား နေရာမှ ချောင်းထဲပြုတ်ကျခဲ့ကာ ရေနစ် သေဆုံးမှု ဖြစ်ပွား
တနိုင်း စက်တင်ဘာ ၂၇
တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ရဲစခန်းမှတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရဲတပ်ကြပ် ဟီတီယဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က ရဲစခန်းအနီးရှိ တဝါခချောင်း၌ ငါးမျှားနေစဉ် ရေချောင်းထဲသို့ပြုတ်ကျခဲ့ရာမှ ရေနစ်သေဆုံးသွားခဲ့သည်။
သေဆုံးသူအလောင်းသည် ၃ ရက်အကြာ တဝါခချောင်းထဲ မျောပါပျောက်ဆုံးသွားခဲ့ရာမှ ယနေ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လည် ၂:၃၅ အချိန်ခန့်၌ ရဲတပ်ဖွဲ့ဝင်များနှင့် မီးတပ်တပ်ဖွဲ့မှ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ဆယ်ယူရရှိခဲ့သည်။
တွေ့ရှိရုပ်အလောင်းအား ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ ၎င်းဖြစ်ပွားသည့်နေရာနှင့်ပေ ၃၀၀ အကွာ၌တွေ့ရှိခဲ့ရာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ရဲဆေးစာဖြင့်ရှင်ဗွေယန်ဆေးရုံသို့ပို့ဆောင်ပြီး ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းအညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)
(SH-သတင်းဋ္ဌာန)