Skip to main content

ကိုကို ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယားလေးရဲ့ ဖခင် အပါအဝင် ၆ ဦးအား ထပ်မံ အမှုဖွင့်

ကိုကို ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယားလေးရဲ့ ဖခင် အပါအဝင် ၆ ဦးအား ထပ်မံ အမှုဖွင့်

ကိုကို ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယားလေးရဲ့ ဖခင်အပါအဝင် ၆ ဦးအား ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေ ရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ ထပ်မံ အမှုဖွင့်လိုက်ကြောင်း သိရသည်။



အမှုဖွင့်ခံထားရသူ ၆ ဦးမှာ သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရေ့နေ ဒေါ်ရွက်နုအောင်တို့အပြင် ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဗစ်တိုးရီးယားရဲ့ ဦးလေး၊ ဗစ်တိုးရီးယားရဲ့ အဒေါ်နဲ့ ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်တို့ ပါဝင်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တရားရုံးက အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကို စက်တင်ဘာ ၂၅ရက်နေ့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲတင်ခဲ့ပြီး ကျပ်သိန်း ၁၀၀နဲ့ အာမခံပေးထားကြောင်း သိရသည်။

#Ref_သက်ကမိုးညို #JusticeForVictoria #ToPromotetheRuleofLaw #WISDOMHILL
#StopChildSexAbuseInMyanmar #Myanmar_Online_News