တောင်စားရတာ ရှက်တယ် အလုပ်ပဲ လုပ်ချင်တယ်ဆိုတဲ့ ကလေးတစ်ဦး
မနေ့ညက တစ်နေကုန် ပင်ပန်းထားတဲ့ အရှိန်နဲ့ ရေလေးချိုးပီး ကျုံးဘေးသွားထိုင် ဇာတ်ကားကြည့်နေတုန်း အဲ့ကလေးလေးက ဘေးကနေ လာထိုင်ကြည့်တယ်။ ကိုယ့်ထဲပါလာတဲ့ မုန့်ထုပ်တွေ မျှကျွေးရင်း မေးခွန်းတချို့ မေးကြည့်မိတော့ သူပြောတာလေးတွေက
သားအသက်က ၁၅ နှစ် အဖေ အမေ အတူမနေတော့ဘူး။ အမေလည်း နောက်ယောက်ျားနဲ့ အဖေလည်း နောက်မိန်းမနဲ့။ အမေ့ဆီ တခါတလေပြန်တယ် ၃ ၄ ရက်လောက်နေပြီး ပြန်ထွက်လာလိုက်တယ်။ ခြေဦးတည့်ရာ သွားတယ် ကျုံးဘေးမှာနေတယ် ဗိုက်ဆာလို့ ပိုက်ဆံလိုက်တောင်းတယ်။
တချို့အတွဲတွေက အလုပ်ရှာပေးမယ်ဆိုပြီး တကယ်လည်း မဟုတ်ဘူး ပြန်ပေါ်ကိုမလာတော့ဘူး။ သားလည်း လူတွေမမှတ်မိဘူး။ လမ်းမှာ မေ့ကျန်ခဲ့တဲ့ အင်္ကျီရှိရင် ယူဝတ်လိုက်တယ်။ တခါတလေ ချွေးစော်နံတဲ့ အင်္ကျီဆိုရင် ကောက်ရထားတဲ့ ရေမွှေးလေး ဖြန်းဝတ်တယ်။ ခုတော့ ရေမွှေးလည်း မရှိတော့ဘူး။
ဇရပ်တန်းပေါ် ဝှက်ထားတာ သူများခိုးသွားတယ်။ ပိုက်ဆံလိုက်တောင်းတယ် တနေ့ကိုတစ်ထောင်ကျော် နှစ်ထောင်ရတယ်။ ရတဲ့ဟာ အကုန်မုန့်ဝယ်စားတယ် ပိုက်ဆံမစုဘူး သားစုထားလည်း ညဘက်အ်ိပ်ပျော်နေရင် ခိုးခံရတယ် လုတဲ့သူလည်းရှိတယ်။
တခါတလေ ဇရပ်မှာအိပ်တယ် တခါတလေ ကျုံးဘေးက ခုံတန်းမှာ အိပ်တယ် အိမ်မပြန်ချင်သေးဘူး အလုပ်လုပ်ချင်တာ အလုပ်ရမှ အိမ်ပြန်မယ်။ လဖက်ရည်ဆိုင် စားပွဲထိုးလုပ်ဖူးတယ် အဲ့ဆိုင်က ပုသိမ်ကြီးဖက် ပြောင်းသွားတော့ သွားမေးတယ် လူမလိုသေးဘူး လူပြည့်နေတယ်တဲ့။ တခြားဆိုင်သွားမေးတော့ မိဘအုပ်ထိန်းသူလာအပ်မှ အလုပ်ပေးမှာတဲ့။

အမေက လိုက်မအပ်ပေးဘူး အလုပ်မလုပ်ခိုင်းဘူး အလုပ်လုပ်ရင် သူများပြောဆိုတာ ခံရမှာလို့ပြောတယ်။ တောင်းမစားချင်ဘူး ရှက်တယ် မမတို့လိုအရွယ်တွေဆီပဲ တောင်းတယ်။ သားလိုရွယ်တူကောင်မလေးတွေရှိရင် မတောင်းဘူး သူတို့ကိုရှက်တယ် အလုပ်လုပ်ချင်တယ် စားပွဲထိုးလုပ်ချင်တယ် ဝပ်ရှော့ဆို ပိုကောင်းတယ် ပညာရတယ် စားပွဲထိုးက ပညာမရဘူး။
ကော်အရင်က ရှူဖူးတယ် မကောင်းမှန်းသိလို့ ကိုယ့်စိတ်နဲ့ ကိုယ်ဖြတ်လိုက်တာ ကော်ကရှူလို့ အရမ်းကောင်းတယ် ဒါပေမယ့် အတွင်းကလီစာတွေအတွက် မကောင်းဘူးဆိုတာ သိလို့ ဖြတ်ပစ် လိုက်ပြီ။ အလုပ်ရရင် တခါတလေ အိမ်ပြန်မယ် ၆သောင်းလောက်ရရင် အမေ့ကို လေးသောင်းပေးမယ် နှစ်သောင်းကို သားယူထားမယ်။ သားကောင်မလေးရှိတယ် အရုပ်ဝယ်ခိုင်းနေတာ ပိုက်ဆံမရှိသေးလို့ သွားမတွေ့သေးဘူး သွားတွေ့ရဦးမယ်။
ဆေးလိပ်သောက်တယ် ဖြတ်ဆိုရင် ဖြတ်နိုင်တယ် အဆုတ်ကို ပျက်စီးတာသိတယ် ဒါကြောင့် တခါတလေ ဆေးလိပ်အစား တမာရိုး ကိုက်ထားလိုက်တယ်။
သား အိမ်ကထွက်သွားလည်း အမေကလိုက်မရှာဘူး ပြန်မလာလည်း အမေက ဘာမှမဖြစ်ဘူး သူ့မှာနောက်ယောက်ျား ကလေးနှစ်ယောက်ရှိသေးတယ်။ အဖေလည်း အတူတူပဲ မရှာဘူး ကလေးနှစ်ယောက်ရှိသေးတာပဲ။ အမျိုးတွေကလည်း သားကို အရေးမလုပ်ကြဘူး။ လူငယ်သင်တန်းကျောင်း မသွားချင်ဘူး အလုပ်လုပ်ချင်တာဗျာ တဲ့။
တောင်းစားရတာ ကိုယ့်ကိုကိုယ် ရှက်တယ် ကျောင်းကတော့ သူငယ်တန်းပဲ တက်ခဲ့ရတယ်။
(စိတ်စမ်းချင်လို့ မေးကြည့်မိတယ်)
တောင်းစားတာ အလုပ်လုပ်တာထက် သက်သာတယ် မဟုတ်လား မပင်ပန်းပဲ အလကား ရတယ်လေ ဆိုတော့
ဟုတ်တော့ ဟုတ်တယ် မပင်ပန်းဘူးဗျ။ ဒါပေမယ့် အလုပ်ပဲ လုပ်ချင်တယ် တောင်းမစားချင်တော့ဘူး။
အိုခေ မမအလုပ်ရှာကြည့်ပေးမယ်။ မင်းတကယ် အလုပ်လုပ်မှာ သေချာလား။ မမကို မျက်နှာပျက်အောင် မလုပ်နဲ့နော်ဆိုတော့။
တကယ်လုပ်ချင်တာပါ အိမ်ကိုပိုက်ဆံတွေနဲ့ ပြန်သွားချင်တယ် မပျက်စေရပါဘူးတဲ့။
အမေက အလုပ်မလုပ်ခိုင်းဘူးဆို အစ်မ အလုပ်ရှာပေးရင် အစ်မကို ပြသနာရှာမှာပေါ့ဆိုတော့
ရတယ်တဲ့ မလုပ်ခင်မို့ မလုပ်ခိုင်းတာ။ အလုပ်ရရင်တော့ အမေသား အလုပ်ရပြီလို့ပြောရင် ပျော်မှာတဲ့။ ငါ့သား အလုပ်လုပ်နေပြီလို့ ပြောမှာတဲ့။
ကျွန်မ ဘာလုပ်ပေးနိုင်မလဲ ဒီလို ခက်ခဲတဲ့ ဘဝတွေ အတွက်။ ပုံကတော့ ခွင့်တောင်းပြီး ရိုက်လာခဲ့တာပါ။ တစ်ခုသတိထားမိတယ် အဖေအမေအကြောင်းပြောရင်း မျက်ရည်ဝဲဝဲလာတာလေ အဲ့အချိန်ဆို ခေါင်း ငုံ့ငုံ့သွားတတ်တယ်။ တချက်တချက် တနေရာကို ငေးပီး လေးလေးနက်နက် ပြောတတ်တယ်။
Source : Daw Hsu Sandy