Skip to main content

ပရဟိတ ယာဉ်တစ်စီး လမ်းလယ်ကျွန်း ဘယ်ရီယာတုံး ၂ တုံးအား တိုက်မိ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိ

ပရဟိတ ယာဉ်တစ်စီး လမ်းလယ်ကျွန်း ဘယ်ရီယာတုံး ၂ တုံးအား တိုက်မိ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိ

အောက်တိုဘာလ (၂၆) ရက်နေ့ နံနက်(၀၅:၀၀ ) အချိန် နေပြည်တော်-မန္တလေး လမ်းမိုင်တိုင် 330/1-330/2 ကြားတွင် ယာဥ်မောင်း (စိစစ်ဆဲ) HSE/----LIGHT TRUCK အဖြူရောင် "ပရဟိတ လူမှုကူညီရေးအသင်း AMBULANCE " စာတမ်းပါ ယာဥ်မှာ လမ်းလယ်ကျွန်းပေါ် တက်ရောက်ပြီး နောက်ဘယ်ရီယာတုံး ၂ တုံးအား တိုက်မိပြီး ရပ်တန့်၍ လမ်းတခြမ်း ပိတ်ဆို့လျက်ရှိရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စကားအင်းစခန်းမှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်လျက်ရှိပါသည်။



ယာဥ်မောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယာဥ်ကို ပဏမ စိစစ်ချက်အရ တရားမဝင် ယာဥ် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး