အကြောဆိုင်း၊ လေဖြန်း ရောဂါများ အတွက် ဆေးနည်းကောင်း
လူသားတွေဟာ အသက်အရွယ်လေး အတန်သင့်ရလာတာနဲ့အမျှ သွေးသားတွေဟာလည်း တဖြေးဖြေး ဆုတ်ယုတ်လာပြီး အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကို မိမိတို့ခန္ဓာကိုယ်ကြီးက ခံနိုင်ရည်စွမ်း ကျဆင်းလာတတ်ပါတယ်။
အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောတွေက မကြာခဏ ညောင်းညာ ကိုက်ခဲနေတာမျိုး အကြောတွေ ဆိုင်းချင်သလိုလို ဖြစ်သွားတာ အကြောတွေလုံးဝ ဆိုင်သွားတာမျိုး လေဖြန်းချင်သလိုလို ဖြစ်သွားတာ လုံးဝလေ ဖြန်းသွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
အဲဒီလိုရောဂါတွေ ခံစားနေရပြီဆိုရင် အခုဖော်ပြမဲ့ဆေးနည်းလေးက သက်သာ ပျောက်ကင်းစေမှာပါ။ဦးဇင်းကိုယ်လဲ ဦးဇင်းနဲ့ ပက်သတ် ဆက်နွယ်နေတဲ့ဒကာကြီးတွေ ဒကာမကြီးတွေကို ဆေးနည်းပြောပြပြီး သုံးစွဲဖို့ တိုက်တွန်းသလို ကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ပေးခဲ့ပါတယ်။
အမြဲလိုလို ညောင်းညာကိုက်ခဲနေသူများဟာ တစ်ပတ်လောက် ပုံမှန်စားလိုက်တဲ့အခါ ညောင်းညာကိုက်ခဲမှုတွေ ပျောက်ကင်းပြီး နောက်ထပ်ပေါ်မလာတော့ကြောင်း ဝမ်းသာအားရလာပြီး ပြောကြပါတယ်။
အကြောဆိုင်းနေသူများနဲ့ လေဖြန်းနေသူများကလည်း တစ်လ နှစ်လစသည်အားဖြင့် ဖော်စားလိုက် ခဏနားလိုက်နဲ့ သုံးစွဲလိုက်လို့ သက်သာပျောက်ကင်းကြောင်း ဝမ်းသာအားရပြန်ပြောကြပါတယ်။

ဆေးနည်းလေးကတော
၁။ ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်ရယ် (မမှည့်ရင် ချောင်းဆိုးတတ်ပါသည်)
၂။ သက်ရင်းကြီးရွက်ရယ် (၎င်းအပင်မှာ ဒေသတိုင်းတွင် ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲ လိုအပ်မှာပါ။

ဖော်စပ်ပုံကတော့
၁။ ဖီးကြမ်းငှက်ပျောသီးကို ဟိုဘက်ထိပ် ဒီဘက်ထိပ် အတွင်းသားလေးတွေ ပေါ်ရုံလောက် လှီးဖြတ်ထားပါ။
၂။ သက်ရင်းကြီးရွက်ကို ရေစင်အောင်ဆေးပြီး နှစ်ရွက် သုံးရွက်ထပ်ကာ ငှက်ပျောသီးကို လုံအောင်ဖုံး၍ လျှော်နှင့်စည်းပြီး ထုတ်ပါ။
၃။ ပြီးလျှင် အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ ၆-နာရီကြာ ပြုတ်ရပါမည်။ (၆-နာရီဆိုငြားလည်း ဦးဇင်းကတော နှစ်ရေပွက်ပြီး ဖိုပေါ်မှာ မီးအေးအေးနဲ့ ပစ်ထားလိုက်ပါသည်)

စားပုံစားနည်းကတော့
ပြုပ်ပြီးသား အထုပ်လေးကို အပေါ်က ဖက်တွေပြန်ခွာ ငှက်ပျောသီးကိုလည်း အခွံခွာပြီး အတွင်းသားကိုသာ မနက်တစ်လုံး ညတစ်လုံး တစ်နေ့ နှစ်ကြိမ်စားရမှာ ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ သူတွေအတွက်လည်း ခရီးပင်ပန်းလို့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရလို့ တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေး တစ်လုံးမျှ စားလိုက်တာနဲ့ ညောင်းညာ ကိုက်ခဲမှုများ လျင်မြန်စွာ သက်သာပါကြောင်း ကိုယ်တွေ့မို့သတင်းကောင်း ပါးလိုက်ပါရစေ။

ဖော်စပ်ပုံ အဆင်ဆင့် ဓာတ်ပုံလေးတွေကိုလည်း တင်ပေးလိုက်ပါတယ်။ အထက်ပါ ဆေးနည်းကို မိမိအား တစ်ဆင့်မျှဝေ ပေးခဲ့ပါသော သူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ (ကျွန်ုပ်တို့အခေါ် ”ဦးဝဲကျော်”) စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အား အထူးကျေးဇူးတင်ပါကြောင်း။
Credit : Ashinwithuta Madaya