Skip to main content

အစာအိမ် ရောဂါ ဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ ဆေးနည်း

အစာအိမ် ရောဂါ ဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ ဆေးနည်း

ကျွန်တော် အစာအိမ်ရောဂါဖြစ်တာ ၆ နှစ်ကျော်ပြီဗျ ။ အစာအိမ်ဖောက်လို့ ဆေးရုံတစ်လနီးပါး တက်ခဲ့ဖူးတယ်။ အစားအသောက် တော်တော်ရွေးပြီး စားရသလို အချိန်မှန် အစာစားနိုင်အောင်လဲ ဂရုစိုက်နေခဲ့ရတယ် ။

အခုတော့ ကြိုက်သလိုနေ ၊ ကြိုက်သလိုစား ၊ ဘာမှမဖြစ်တော့ဘူးဗျ ။ ဆေးကောင်းလေးတစ်ဖုံ ရလိုက်လို့ပါ ။ အဲဒီဆေးနည်းကို အစာအိမ်ရောဂါ နှစ်ပေါင်း ၃၀ နီးပါး ခံစားလာရပြီးမှ လက်တွေ့ပျောက်ကင်းသွားတဲ့ ဦးလေးကြီး တစ်ယောက်က ပေးတာပါ ။

ဆေးနည်းလေးက ရိုးရှင်းပါတယ် ။ မီးကွင်းဂမုန်း အမြစ်နဲ့အရွက်ကို ကြေးအိုးစစ်စစ်နဲ့ပြုပ်ပြီး အားတဲ့အချိန်တိုင်း သောက်ပေးရတာပါ ။

သံနံ့နည်းနည်းထွက်ပြီး အရောင်က မည်းပုတ်ပုတ် ဖြစ်နေပေမယ့် ချိုမြမြနဲ့ သောက်လို့ ကောင်းပါတယ် ။ ထူးခြားချက်တစ်ခုရှိသေးတယ် ။ အဲဆေးသောက်ပြီး နာရီဝက်လောက်ကြာရင် ဗိုက်နင်းကန်ဆာတော့တာပဲဗျ ။

အရင်ကလို အစာစားတာ များသွားရင် ရင်ပြည့်သလို ရင်ကယ်သလို ဖြစ်တာမျိုးလဲ မရှိတော့ဘူ း။ အစာအိမ်ရောဂါ မရှိသူများလဲ အစာကြေဆေး အနေနဲ့ မှီဝဲှလို့ရပါတယ်။

မီးကွင်းဂမုန်းပင်ဟာ တစ်ခြားသော ရောဂါတွေလဲ ပျောက်ကင်းစေနိုင်တယ် ။ ကိုယ်တွေ့ဆေးကောင်းလေး တစ်လက်အဖြစ် ကိုယ်နဲ့ ဘဝတူတွေများရှိရင် ပျောက်ကင်း သက်သာသွားစေချင်တဲ့ ဆန္ဒနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် ။

ကျန်းမာချမ်းသာ စိတ်ခန္ဓာ မြဲမြံကြပါစေ ။

Credit : ယမင်းဖြူ