Skip to main content

ပျားရည် အတု အစစ် စစ်ဆေးနည်း

ပျားရည် အတု အစစ် စစ်ဆေးနည်း

၁) ပျားရည်ထဲတွင် ဝါဂွမ်းကို စိမ်၍ မီးရှို့ ကြည့်ပါက ပျားရည်စစ်လျှင် မီးစွဲလောင်သည်။

၂) စက္ကူ ပေါ်တွင် ပျားရည်စက် ချပါက ပျံ့မသွားလျှင် ပျားရည် စစ်သည်။

၃) ပျားရည်အစစ်တွင် သဘာဝ ပိုးသတ်ဓာတ် ပါဝင်သည့်အတွက် ပုရွက်ဆိပ်မတက်ပါ။ ( ဖိတ်စင်ခြင်းဖြစ်ပါက ပြင်ပလေထဲတွင် ပါဝင်သည့် စိုထိုင်းဓာတ်ကြောင့် ပုရွက်ဆိပ် တက်တတ်ပါသည်။ လေလုံအောင် ထားပါရန်)

၄) ရေထဲထည့်လိုက်ပါက ပျားရည်က အစက်အလုံးလေးအတိုင်းကျသွားမယ်။

၅) ပျားရည်စစ်၊ မစစ်ကို ခွေးကျွေး ကြည့်ပါက ပျားရည်စစ်လျှင် ခွေးလုံးဝ မစားပါ။

၆) ပျားကောင်ကို ပျားရည်ထဲတွင် နှစ်ကြည့်က ပျားမှာ ကူးခတ်ပြီးပျံသန်းနိုင်သည်။ ပျားရည် မစစ်ပါက ပျားကောင်နစ်၍ သေပါသည်။

Credit : Original Writer