Skip to main content

ကလေးရဲ့ လေပြွန်ထဲမှာ မြေပဲစေ့ ပိတ်နေတာပါ၊ သေသွားတဲ့ ကလေးရဲ့ လေပြွန်ကို ခွဲစိတ်ပြထားတာပါ

ကလေးရဲ့ လေပြွန်ထဲမှာ မြေပဲစေ့ ပိတ်နေတာပါ။ သေသွားတဲ့ ကလေးရဲ့ လေပြွန်ကို ခွဲစိတ်ပြထားတာပါ။

ကလေးတွေရဲ့ လေပြွန်က သေးသေးလေးပါ။ လေပြွန်နဲ့ အစာမြိုပြွန်က ကပ်နေတော့ သေးငယ်တဲ့ အရာဝတ္တုလေးတွေ မတော်တဆ ဝင်သွားရင် သေတတ်ပါတယ်။ ဥပမာ - သကြားလုံး သြဇာစေ့ အစရှိသဖြင့်။



ဒါကြောင့် ကလေးတွေကို သကြားလုံးကြွေးတာဖြစ် ဖြစ် မြေပဲဖြစ်ဖြစ် သေးသေးလေးဖြစ်အောင် ခွဲခြမ်းပြီး‌ကျွေးပါ။ စပျစ်သီးတွေ ကျွေးမယ်ဆိုလည်း ဂရုစိုက်ပြီး ကျွေးပါ။

မိမိရဲ့ ဆရာမတစ်ဦး၏ အတွေ့အကြုံ

လက်ထောက်ဆရာဝန်ဘဝက အရှေ့ပိုင်းဆေးရုံမှာ ၂ နှစ် အရွယ်ကလေးလေး မုန့်လုံးရေပေါ် စားရင်းပြေးဆော့တော့သီးပြီး လေပြွန်တဲ့ရောက် အသက်ရှူကြပ် ဆေးရုံကို Brought dead နဲ့ရောက်လာပါတယ်။ စဖြစ်တော့ နားလည်တဲ့ သူက ရှေးဦးသူနာပြုစုနည်းနဲ့ မုန့်လုံးရေပေါ် ထွက်သွားအောင်လုပ်ပေမယ့် ပျော့ပြီးကပ်နေလို့ မထွက်ဘဲကလေးအသက် ဆုံးရှူံးရတယ်။ မိဘများ သတိထားကြပါ။ အစာစားရင်း ပြေးမဆော့ပါစေနဲ့။ သေးငယ်တဲ့ ကစားစရာတွေ အစားအသောက်တွေ အားလုံးလေပြွန်ထဲ မတော်တဆ ပိတ်တတ်ပါတယ်။)

Dr. Kyaw That Soe