မအူပင်မြို့ ခိုင်သော်တာ လမ်းရှိ ခြုံပုတ် အတွင်းမှ ကြေးဘုရား ဆင်းတုတော် တစ်ဆူ တွေ့ရှိ ၊ ဘုရား ခိုးလာသူအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့ အမှတ် (၇)ရပ်ကွက် ခိုင်သော်တာလမ်းတွင် အောတိုဘာလ (၂၅)ရက်နေ့ နံနက် (၁)နာရီ (၃၀)မိနစ်အချိန် ကျော်ခန့်က ခြုံပုတ်အတွင်း၌ ခိုးယူလာကာဝှက်ထားသောဘုရားကြေးဆင်းတုတော်တစ်ဆူ အားတွေ့ရှိခဲ့ပြီး ယင်းဘုရားခိုးယူလာသူအား ဖမ်းဆီးရမိထားကြောင်းသိရသည်။

"ကျွန်တော်က ဆိုင်ကနေအိမ်အပြန် ကျွန်တော်ကိုလည်းသူတွေ့ကော လှစ်ကနဲ့ဆိုခြုံပုတ်ထဲဝင်သွားတယ်......နောက်ပြန်ထွက်လာပြီးလမ်းဆက်လျှောက်လာတယ်။ဒါနဲ့ကျွန်တော်လည်းမသင်္ကာလို့ သူဝင်သွားတဲ့ နေရာနားက ခြုံပုတ်ကိုကြည်တော့ ခြုံပုတ်ထဲက မြေပြောင်လေးမှာသင်္ကန်စနဲ့ထုတ်ထားတာဘာမှန်တော့မသိဘူး....ဒါနဲ့ မပြီးအပြင်ထုတ်တော့လေးတော့ စက်ပစ္စည်း တစ်ခုခုလားလို့ထင်ခဲ့တာ ဖွင့်ကြည့်တော့မှ ကြေးဘုရားဆင်းတုတော်ကြီးဖြစ်နေတာသိရတယ်"ဟု လှည်းကလေးထမင်းကြော်ဆိုင်မှ မျက်မြင်တွေ့ခဲ့သူ ကိုဝင်းနိုင်မှ MHTသို့ပြောသည်။

မအူပင်မြို့တွင် အဝေးသင်ကာလအတွင်းခိုးမှုများ များစွာဖြစ်ပွားလျှက်ရှိရာ ဖုန်းခိုးမှု ၊ ဆိုင်ကယ်ခိုးမှုများသာအများအပြားဖြစ်ပွားခဲ့ပြီး ဘုရားခိုးယူမှုဖြစ်ပွားခြင်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။
Photo - plc (MHT)
#MHTNEWSAGENCY
#ပြည့်ဖြိုးပိုင်#ဇော်မင်းဦး