ဘိလပ်မြေ မြန်မြန် ခြောက်အောင်ဆိုပြီး ခြောက်ဆေး ၃ ဆ ပိုထည့်လိုက်တာ အကုန်ဒုက္ခရောက်ကုန်ပြီ
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန၏ ခွဲစိတ်စောင့်ကြည့်ဆောင်မှာ တာ၀န်ကျနေစဉ် လူအုပ်တစ်စု၀င်လာရာ ၀န်ထမ်းများက လူနာတစ်ယောက်ကို လူနာစောင့်တစ်ယောက်ပဲ၀င်ဖို့သတိပေးတော့သူတို့အားလုံး လူနာတွေဖြစ်ကြောင်းပြော၏။

ရေတွက်လိုက်တော့စုစုပေါင်း ၈ယောက်။ ထိုနေ့မနက်ခင်း ဆရာ၀န်တွေရော သူနာပြုတွေပါ အားလုံးလှုပ်လှုပ်ရှားဖြစ်သွားကြသည်။ ဘယ်လိုတွေဖြစ်ကြတာလဲ ဆိုတော့ ... သူတို့အားလုံး ဆောက်လုပ်ရေး လုပ်သားများဖြစ်ပြီး ဘိလပ်မြေဖြင့် လမ်းပလက်ဖောက်လုပ်ရာတွင် သဲနဲ့ဘိလပ်မြေဖျော်စပ်ထားသည့် အထဲသို့ဆင်းကာ လမ်းညှိရင်းမှ ဖြစ်လာလေသည်။

ယခင်က ထိုအဖြစ်မျိုး မဖြစ်ဘူးပေ။ ဘိလပ်မြေနဲ့စတင်ထိတွေ့ပြီး မိနစ်ပိုင်းအတွင်း မှာ ပူစပ်စပ်ဖြစ်လာသည်။ မခံမရပ်နိုင်ဖြစ်လာလို့ ကန်ထိရိုက်ကိုပြောတော့မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ ဆရောထားကြောင်း သိကြရလေသည်။ သို့ပေမယ့်နေ့စားလုပ်သားတွေမို့ အလုပ်ပြီးမြောက်အောင် သည်းခံအောင့်အီးပြီး ဆက်လုပ်ခဲ့ရလေသည်။ လယ်သာ Boot ဘိနပ်အရှည်တွေ ၀တ်ထားကြပေမယ့်လမ်းက မြင့်တဲ့အတွက် ဘိနပ်ထဲကိုပါ ဘိလပ်မြေတွေ၀င်လာလို့မတတ်နိုင်ခဲ့ကြ။

အချို့လုပ်သားများ ဘိနပ်လောက်ငှအောင် မစီးနိုင်ကြပေ။ လမ်းခင်းပြီးတဲ့အခါ ရေနဲ့ချက်ချင်းဆေးပေမယ့် အသားတွေက ပဲ့ကျကုန်ပြီ။ အပြင်ဆေးခန်းမှ ခေါ်၍ဆေးထည့်သည်ဟုဆိုသည်။ သူတို့၈ ဦးအပြင် အခြား လုပ်သားများလည်း အလားတူ မျို းဖြစ်ကြသော်လည်း မပြင်းထန်လို့နေရစ်ခဲ့ကြလေသည်။ ကန်ထရိုက်ရော အဆောက်အဦး ဆောက်လုပ်သည့် တာ၀န်ရှိသူများ ဆေးရုံသို့လိုက်မလာခဲ့ကြပေ။ သူတို့အားလုံး မန္တလေးဘက်မှ လာရောက် လုပ်ကိုင်ကြသူများဖြစ်ပြီးရိုးသားသူများဖြစ်သည်။

အထွေထွေ၀န်ထမ်း အမျိုးသမီးလေးတစ်ဦးမှ အနာကို ဆေးပေးရန်ခေါ်သွားတော့ ကျွန်မလည်း ကူချင်တယ်ဆိုပြီး မြန်မြန်ပြီးအောင် ဆေးမှင်တွေ လိမ်းထားတဲ့အနာတွေကို ကူညီဆေးကြောခဲ့ကြပါတယ်။ ဆေးမှင်တွေက အရမ်းစွဲနေလို့ တော်တော်နဲ့မပြောင်ပေ။ သူတို့ခမျာ နာလွန်း စပ်လွန်းလို့အော်နေကြရှာတယ်။ အနာတွေဆေးပြီးတဲ့အခါ ခွဲစိတ်ဆရာ၀န်များ၊ အရေးပေါ်ဆေးပညာ ဘွဲ့လွန်ကျောင်းသားများ နှင့် သူနာပြုများဝိုင်းပြီး ဆေးထည့်ပေးခဲ့ကြပါတယ်။
ကျွန်မကလည်း သူတို့ဘက်မှ မခံချင်လို့ ဦးလေးတို့ကို အန္တရာယ်ရှိကြောင်း ကြိုလည်းမပြော၊ ဖြစ်တော့လည်း တာ၀န်ယူပြီး ဆေးရုံကို မလိုက်လာဘူး။ အဲဒီမှာ ဆက်မလုပ်သင့်တော့ဘူးဟု ဆိုတော့.... ဆရာမရယ် ကျွန်တော်တို့ရွေးချယ်စရာလမ်းမရှိပါဘူး လို့ဆိုသည်။ သူတို့အတွက် ကျွန်မမှာတော့အတွေးများစွာကျန်ခဲ့သည်။ အော် မြန်မာပြည် ... မြန်မာပြည် ...
သင်ခန်းစာ
1. ဆေးရုံများတွင် အနာအမျိုးအစားအလိုက် Wound Management Protocol များရှိသင့်
2. Occupational Health Safety နှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးရန်လို။ ဥပမာ - ပြုစုကုသမူ့တွေကောင်းမွန်စွာရရှိရေး ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် ဤသို့ လုပ်သားများအား လစ်လျူရှုခံရမူ့နှင့် ထိရောက်စွာ ကာကွယ်ပေးသည့် အဖွဲ့အစည်း သို့ကော်မတီများ ရှိသင့် ( ရှိနေတာ ကျွန်မ မသိတာလည်းဖြစ်နိုင်၊ သူတို့အတွက် ကာကွယ်ပေးတဲ့ဥပဒေတွေလည်းရှိမယ်ထင်ပါတယ်။)
ပင်ပန်းဆင်းရဲစွာ မိသားစုဘဝရှေ့ရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော ပညာမတတ်သူတို့အပေါ် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်အတိုင်း လက်တစ်လုံးခြား အမြတ်ထုတ်ကာ မတရား သဖြင့် သိသိကြီးနဲ့ကျန်းမာရေးကို ထိခိုက် အောင် စေခိုင်းနေ ကြသူ လုပ်ငန်းရှင်များကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပြီး နောင်မဖြစအောင်လည်း အသိပညာပေးတွေ တိုးမြှင့် သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
မေတ္တာဖြင့်
Thida Khin