Skip to main content

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် ယာဉ်ပေါ်ပါ (၅)ဦး အနက် ထိုင်ဝမ်နိုင်ငံသား (၁)ဦး သေဆုံး (၄)ဦး ဒဏ်ရာရ

အမြန်လမ်းတွင် Ipsum တစ်စီး ယာဥ်နောက်ဘီးပေါက်ပြီး အရှိန် မထိန်းနိုင် သုံးပတ်ခန့်လည် ရပ်တန့် ယာဉ်ပေါ်ပါ(၅)ဦး အနက် ထိုင်ဝမ်နိုင်ငံသား (၁)ဦး သေဆုံး (၄)ဦး ဒဏ်ရာရ



အောက်တိုဘာလ(၂၅)ရက်နေ့ နံနက် (၀၉၃၀) နာရီချိန် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၄၉/၆-၁၄၉/၇ ကြားတွင် ယာဉ်မောင်း ကိုအောင်သန်းထွေး(၃၂)နှစ် ကြည်မြင်တိုင်မြိုနယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 2G /---- Ipsum အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် ယာနောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ သုံးပတ်ခန့်လည်၍ ရန်ကုန်-နေပြည်တော် လမ်းဘက်ရောက်ရှိ ရပ်တန်ခဲ့ရာ ယာဉ်ပေါ် ယာဉ်မောင်းပါ ကျား(၄)ဦးမ(၁)ဦး ပေါင်း(၅)ဦးတွင် ကျား(၁)ဦးသေဆုံး ကျား(၃)ဦး မ(၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာ စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သေဆုံးသူ မှာ ထိုင်ဝမ်နိုင်ငံသား ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။



အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး