ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွက် တစ်လစာ ဟောစာတမ်း
တနင်္ဂနွေ သားသမီးများ
လုပ်ငန်းစီးပွားနဲ့ပတ်သက်ပီး အောင်မြင်မည့်ကာလပါ။ လုပ်ငန်းသစ်၊ နေရာသစ် တိုးချဲ့ပြောင်းရွှေ့လုပ်ကိုင်ရတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံတွေ့ပီး မိတ်ဆွေအသစ်တို့ရဲ့ကူညီမစခြင်းတွေရပါလိမ့်မယ်။ အိမ်၊ခြံ၊မြေ အသစ်ဝင်ကိန်းရှိသည်။ ရွှေထည်ငွေထည် တန်ဖိုးရှိပစ္စည်းများ ထွက်ပါလိမ့်မည်။ စက်ပစ္စည်းအဟောင်းများထွက်ပီး အသစ်ပြန်ဝင်ကိန်းရှိပါတယ်။ အဝယ်မမှားဖို့တော့ လိုပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ် ဝမ်းဗိုက်နဲ့ပတ်သက်ပီး အထူးဂရုစိုက်ပါ။ အရက်၊ ဘီယာသောက်တတ်သူများ အသည်းရောဂါ မထင်မှတ်ပဲ ခံစားရတတ်ပါတယ်။ ချစ်သူရည်းစားများကတော့ အဆင်ပြေနေတာကနေ ဘေးသွေးထိုးစကားတွေကြောင့် အထင်မြင်မှား နားလည်မှုတွလွဲတတ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း ခေတ္တခဏတိုင်း စကားများရန်ဖြစ်နေရတတ်ပါတယ်။ ကွဲကိန်း၊ ပြတ်ကိန်းတော့မရှိပါ။ ထီဝါသနာပါသူများ ၃အစ ၉အပိတ် ကံစမ်းပေးပါ။
အထူးဟော - ကံအရမ်းမြင့်မားနေချိန်ပါပဲ
ယတြာ - မွေးနံဂြိုလ်ထောင့်မှာ ရေသက်စေ့လောင်းပေးပါ။
တနင်္လာ သားသမီးများ
ဘုရားဖူးခရီး (သို့) အပျော်တန်းခရီးများ မမျှော်လင့်ပဲ ထွက်ရတတ်ပါတယ်။ ပိုက်ဆံတွေအကုန်ကျများမည့် ကာလဆိုလည်းမမှားပါဘူး။ လူပျော်ပီး စိတ်မပျော်ရတတ်ပါ။ စီးပွားရေးတွေမှာ အရင်းအနှီးငွေတွေမြုပ်နေတတ်ပီး အမြတ်ငွေတွေ မပေါ်တတ်ပါ။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူညီရတတ်ပါတယ်။ ရွှေ ရတနာ တန်ဖိုးရှိပစ္စည်းများ ဝင်ကိန်းရှိတယ်။ အိမ်မှာ အပူသည်ဧည့်သည်များရောက်လာတတ်ပါတယ်။ လက်ခံမိပါက ကိုယ်ပါရောပီး ဒုက္ခတွေကြုံတွေ့စေတတ်ပါတယ်။ ကျန်းမာရေးမှာတော့ ဒူးနာ၊ခါးနာ အကြောဆစ်နဲ့ပတ်သက်ပီး ဂရုစိုက်ပေးရပါမည်။ အချစ်ရေးအထူူးအဆင်ပြေမည့်ကာလဖြစ်ပါတယ်။ ရည်ရွယ်ထားသည့်လူကို ချစ်ရေးစကားပြောလျှင် အဆင်ပြေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ပြန်ချစ်လိုက်၊ ရန်ဖြစ်လိုက်ပါပဲ။ မကြာခဏ စကားများ အငြင်းအခုန်ပြုနေရတတ်ပါတယ်။ အလောင်းကစားပြုလုပ်သူများ အရှုံးဘက်အားသာနေတတ်ပါတယ်။ ထီထိုးမည့်သူများ ၅ အများဆုံးပါမည့် ဂဏန်းအားပြုပေးပါ။
အထူးဟော - စိတ်ညစ်မှုတွေများနေတတ်ပါတယ်
ယတြာ - အိမ်ဘုရားမှာ အကြော်နှင့်ဆီထမင်း ကပ်လှူပေးပါ။
အင်္ဂါသားသမီးများ
မိမိစိတ်ကူး ကြံစည်ထားသမျှပြည့်မြောက်တတ်သည့်ကာလဖြစ်သည်။ အလုပ်ကိစ္စနဲ့ပတ်သက်ပီး ရက်တိုခရီးတို ထွက်ရတတ်ပါတယ်။ ရာထူးရာခံ တိုးခြင်း၊ လူကြီးသူကြီးတွေရဲ့ ကူညီမြောက်စားခြင်းတွေ ခံရပါမယ်။ လက်အောက်ငယ်သားတွေရဲ့ ဒုက္ခပေးခြင်းတွေ အာခံမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ သွေးထွက်သံယို၊ ဒဏ်ရာအနာတရ ထိခိုက်မှုတွေရတတ်ပါတယ်။ စက်ကြီး ၊ ယာဉ်ကြီးမောင်းနှင်ခြင်း အသုံးပြုကိုင်တွယ်ခြင်းအထူးဂရုပြုပါ။ ကျန်းမာရေးကတော့ လေထိုး၊လေအောင့် လေရောဂါအထူးဂရုစိုက်ရပါမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်မပြေမှုတွေ ဖြစ်လိမ့်မည်။ အထင်လွဲမှားမှုတွေ ကြုံလိမ့်မည်။ အိမ်ထောင်ရေးမှာတော့ ပတ်ဝန်းကျင်အနှောက်အယှက် ရှိတတ်သည့်အတွက် အိမ်ထောင်ကွဲကွာရသည်အထိ ကြုံရတတ်ပါတယ်။ ဘေးပတ်ဝန်းကဖင်စကား နားမယောင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ပညာရေးအထူးကောင်းမွန်သည့်ကာလဖြစ်ပါတယ်။ စိတ်ပါလက်ပါ ကြိုးစားပါက ဘဝအောင်မြင်မှု ပန်းတိုင်ခရီးရောက်ပါလိမ့်မည်။
အထူးဟော - ကျန်းမာရေးအထူးဂရုစိုက်ပါ
ယတြာ - စေတီဘုရားတွင် အောင်သပြေ၉ခတ် လှူပါ။
ဗုဒ္ဓဟူးသားသမီးများ
ဒီအချိန်မှာ ဥစ္စာပစ္စည်းပျောက်ခြင်း၊ အခိုးခံရခြင်း၊ အလိမ်ခံရခြင်းတွေ ကြုံတွေ့ရပါမယ်။ အိမ်မှာ ဧည့်သည်တွေ ဒုက္ခပေးမဲ့သူတွေရောက်လာပါလိမ့်မည်။ ဆုံးရှုံးသွားပီးသော ငွေများပြန်လည်ရတတ်ပါတယ်။ ငွေချေး၊ ငွေဌား အာမခံယူပေးတာ တာဝန်ယူပေးတာတွေ မလုပ်ပါနဲ့။ မိမိနှင့် လုပ်ငန်းအတူတွဲလုပ်သော အပေါင်းအသင်း ဒုက္ခပေးတတ်၏ ။ စီးပွားရေးအဆင်ပြေမည်။ ရင်းနှီးထားသောအလုပ်များထဲမှ အမြတ်ငွေကြေးများ ရရှိပါလိမ့်မည်။ လူငယ်လူရွယ်များ အတန်းပညာရှာရင်းနဲ့ အိမ်ထောင်ကျသွားတတ်ပါသည်။ အပေါင်းအသင်းမမှားဖို့ အင်မတန်အရေးကြီးပါသည်။ မိဘတွေ စိတ်ဆင်းရဲရတတ်သည်။ အိမ်ထောင်ရှင်များကတော့ အဆင်ပြေမှုတွေ အိမ်ထောင်ဘက်၏ချီးမွန်းစကားပြောခံရခြင်းတွေကြုံမည်။ ကျန်းမာရေးကတော့ အထူးကောင်းမွန်နေမည့်အချိန်ပါပဲ။ အစားအသောက်တော့ ဆင်ခြင်ရပါမယ်။ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တတ်ပါတယ်။
အထူးဟော - စိတ်လေနေတတ်ပါသည်
ယတြာ - အိမ်ဘုရားတွင် နွားနို့ပူ(3)ခွက်လှူပေးပါ
ရာဟုသား သမီးများ
ရန်များတဲ့ကာလတစ်ခုပါ။ မကျေနပ်သူ၊ မနာလိုသတွေ ဝန်းရံနေတတ်ပါတယ်။ ထိုသူတွေရဲ့ သွားပုပ်လေလွင့် ပြောခြင်း၊ ချောက်တွန်းခြင်း ကြုံရတတ်ပါတယ်။ ကြုံလာမည့် ပြဿနာတိုင်းကို ရဲရဲရင်ဆိုင်ပါ။ မိမိသာ အဆုံးသတ် အနိုင်ရပါလိမ့်မယ်။ ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ။ အင်အားချည့်နဲ့ပြီး ကိုယ်လက်မအီမသာ ဖြစ်လွယ်တတ်လို့ပါ။ ပညာရပ်နဲ့သက်ဆိုင်သော သင်တန်း ၊ ဘာသာစကားနဲ့သက်ဆိုင်သော သင်တန်းတွေလည်း တတ်ရတတ်ပါတယ်။ ခရီးကိစ္စ၊ နိုင်ငံခြားနဲ့ ဆက်သွယ်ရသောကိစ္စ၊ ကုန်သွယ်ခြင်း ကိစ္စတွေမှာတော့ အဆင်မပြေကြုံရတတ်ပါတယ်။ ဒီကာလဟာ မိသားစုအတွက်လည်း ပူပင်ရတတ်ပါတယ်။
အထူးဟော - ကြုံလာသမျှရဲရဲရင်ဆိုင်ဖြတ်သန်းပါ။
ယတြာ - အိမ်ဘုရားစဉ်မှာ ထောပတ်ဆီမီးခွက် (3)ခွက် ပူဇော်ပေးပါ။
ကြာသပတေး သားသမီးများ
စိတ်တိုင်းမကျတာတွေ စိတ်ရှုပ်ထွေးမှုတွေ များနေမယ်။ ဘာပဲလုပ်လုပ် စိတ်ရှည်ရှည် ခေါင်းအေးအေးထားပီး လုပ်တာအကောင်းဆုံးပါ။ စိတ်မမြန်ပါနဲ့။ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ပြောင်းချင်တဲ့စိတ်တွေပေါ်လာပါက သီးခံပီးလုပ်ပေးပါ။ အိမ်ကိစ္စ၊ နေရာကိစ္စတွေ ပြဿနာတွေရှင်းရတတ်ပါတယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းများရဲ့ အကူညီများရလာတတ်ပါတယ်။ ရွှေထွက်လိမ့်မည်။ငွေလိမ်၊ လူလိမ်အထူးဂရုစိုက်ပါ။ မိမိယုံကြည်မဲ့သူက ဒုက္ခပေးသွားတတ်ပါတယ်။ ပညာရေးကတော့ စာမလိုက်နိုင်တာမျိုး စိတ်မပါတော့တာမျိုးတွေဖြစ်လိမ့်မည်။ အိမ်ထောင်ရေးမှာတော့ အိမ်တွင်းရေးပြဿတွေ ကြုံလိမ့်မည်။ လူမှုရေးပြဿတွေ ရှင်းရတတ်သည်။ အချစ်ရေးမှာတော့ ချစ်သူက စိတ်ဆိုးလိုက် ပြန်လျော့လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ခြေထောက်ကျိုးတာ ၊ လက်ကျိုးတာတွေ အမှတ်မထင်ဖြစ်တတ်ပါတယ်။ ဆိုင်ကယ်မှောက်တာ၊ လှဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ယခုခေတ်လူငယ်တွေ ဆိုင်ကယ်ရှေ့ဘီးထောင်စီးတဲ့သူတွေ အထူးဂရုစိုက်ပါ။
အထူးဟော - အရာရာလွဲချာ်မှုတွေကြုံမည်
ယတြာ - နှင်းဆီအဝါ ၃ပွင့် ဘုရားလှူပေးပါ။
သောကြာသားသမီးများ
စိတ်အပြောင်းအလည်းတွေ မြန်ဆန်နေတတ်သည်။ လုပ်ငန်းစီးပွားမှာ အောင်မြင်မှုတွေရတတ်ပီး ဆုံးရှုံးထားတဲ့ ငွေကြေးတွေပြန်လည်ရရှိမည်။ နေရာထိုင်းခင်းတွေလည်း ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ အထက်လူကြီးများရဲ့ အထင်လွဲမှားမှုတွေ အစွတ်အစွဲတွေလည်းခံရတတ်သည်။ အိမ်ထောင်ရေးမှာ ဘာမဟုတ်တဲ့ စကားတစ်ခွန်းကို အကျယ်ချဲ့ပီးရန်ဖြစ်နေရတတ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပီး ချစ်သူနဲ့အဆင်မပြေတာတွေ များနေလိမ့်မယ်။ ရည်းစားက စွန့်ပစ်သွားတာမျိုးကြုံလိမ့်မယ်။ ကျန်းမာရေးကတော့ အဆုတ်နဲ့ပတ်သက်ပီး အထူးဂရုစိုက်ပေးပါ။ ရေချိုးမမှားမိပါစေနဲ့။ အမှတ်မထင် ဆေးရုံ၊ ဆေးခန်းပြသပီး ကုသမှုခံယူရတတ်ပါတယ်။ ပညာရေးနှောင့်နှေးတက်သည်။
အထူးဟော - စိတ်ဆင်းရဲမှုတွေကြုံတွေ့မည်
ယတြာ - ကံ့ကော် ၅ညွန့် ဘုရားကပ်လှူပေးပါ
စနေသားသမီးများ
မမျှော်လင့်ပဲ အဘက်ဘက်က ငွေများဝင်လာပါလ်မ့်မည်။ လာဘ်၊ လာဘ အင်မတန်ပွင့်လန်းနေမဲ့အချိန်ပါပဲ။ အလွယ်တကူ ပိုက်ဆံရမည့်ကာလဖြစ်ပါတယ်။ ဝင်ငွေကောင်းနေသလို ထွက်ငွေလည်းများလိမ့်မည်။ လုပ်ငန်းလုပ်တဲ့နေရာမှာ ရာထူးတိုးတာ ချီးမွန်းခံရခြင်းတွေကြုံမည်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပီး ချေးတာဌားတာမျိုး မလုပ်မိပါစေနဲ့။ ရစရာတွေမရနိုင် ပေးစရာရှိတာတွေမပေးနိုင်တာမျိုးနဲ့ ကြုံတွေ့တတ်ပါတယ်။ မိသားစုကိစ္စ၊ အိမ်တွင်းရေးကိစ္စတွေကြောင့် ,စိတ်ညစ်ရတတ်ပါတယ်။ သူများပြဿနာကြားထဲမဝင်မိပါစေနဲ့။ သူများပြဿနာ ကိုယ့်ပြဿနာ၊ သူများအမှု ကိုယ့်အမှုဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သာယာမှု ပျော်ရွှင်မှုတွေ ရလိမ့်မည်။ အနှောက်အယှက်တော့ ဂရုစိုက်ရပါမယ်။ ချစ်သူရည်းစားအတွဲတွေ မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့်ခိုးပြေးရတာမျိုး ကြုံတွေ့တတ်သည်။ ကျန်းမာရေးမှာတော့ မျက်စိအားနည်းတာ အာရုံကြောအားနည်းတာ ပါဝါမျက်မှန်တပ်ရတာမျိုးကြုံတွေ့မည်။
အထူးဟော - ပျော်ရွှင်မှုတွေပိုင်ဆိုင်လိမ့်မည်
ယတြာ - အိမ်ဘုရားတွင် ဘရာကြော် ၃ခု လှူပေးပါ။
နက္ခတ္တဗေဒ ပညာရှင်
ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ
မန္တလေးမြို
📞09-440243656
၇၃လမ်း/၃၄-၃၅လမ်းကြား