ညနေက အာရှတော်ဝင်မှာ ဆေးခန်းပြဖို့ ပထမထပ်အတက် ကြည်ညို စရာကောင်းတဲ့ နိုင်ငံခြားသား ဦးဇင်း တစ်ပါးကို ဖူးခွင့်ရလိုက်တယ်
ညနေက အာရှတော်ဝင်မှာ ဆေးခန်းပြဖို့ ပထမထပ်အတက် ကြည်ညို စရာကောင်းတဲ့ နိုင်ငံခြားသား ဦးဇင်း တစ်ပါးကို ဖူးခွင့်ရလိုက်တယ်။
အိန္ဒြေ သိက္ခာနဲ့ ပြည့်ဝနေတဲ့ အတွက် မြင်လိုက်တာနဲ့ ကြည်ညိုမိတယ်။ မျက်လွှာချ ပြီး တရားကို အဆက်မပြတ် ရှု့နေတာ မြင်ရတယ်။ ဖိနပ်လည်း စီးမထားပါဘူး။

ဆေးခန်းပြလူနာထဲက ဦးလေး တစ်ယောက်က ကြည်ညိုလွန်းလို့ စာအိတ်နဲ့ ဝတ္ထုကပ်တာ လက်မခံတာ တွေ့ရတယ်။ ရေကပ်တော့ ဝမ်းပန်းတသာ ဘုန်းပေးတယ်။ ထပ်ထူးခြားတာက သွေးပေါင်ချိန်ဖို့ နတ်စ်မက ချိန်ပေးဖို့ လုပ်တာကို ယောက်ျားနတ်စ်ကို ခေါ်ပေးဖို့ တောင်းဆိုပြီး ယောင်္ကျားနတ်စ်ကိုသာ သွေးပေါင်ချိန်စေပါတယ်။
သွေးချိန်ပြီး နေရာပြန်ယူတော့ လူနာများလာပြီး နေရာလွတ် မရှိသလောက် ဖြစ်သွားခဲ့တယ်။ အမျိုးသမီးတွေကြားက ခုံလွတ်မှာ ဝင်မထိုင်ပဲမတ်တတ် ခဏရပ် တရားမှတ်နေတယ်။
အဲဒီမှာ အမျိုးသားများဘက်က လူတစ်ယောက်က "ဦးဇင်း ဒီဘက်ကြွပါ" ဆိုမှ ဖယ်ပေးတဲ့ ခုံမှာ နေရာယူတာ တွေ့ရတယ်။
ခွင့်မတောင်းမိပဲ ပုံရိုက်ယူမိလို့ ခွင့်လွှတ်စေချင်ပါတယ် ဘုရား။ လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ပါ၏။
IrisMyat (အိုင်းရစ်မြတ်) Fb မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။