Skip to main content

ဆေးဆိုင်တွေမှာ ဆေးဝယ်တော့မယ်ဆိုရင် သိထားရမည့် အချက် (၅)ချက်

ဆေးဆိုင်တွေမှာ ဆေးဝယ်တော့မယ်ဆိုရင် သိထားရမည့် အချက် (၅)ချက်

ကိုယ့်ရောဂါက ဆေးရုံဆေးခန်းထိ သွားပြစရာမလိုတဲ့အခါမျိုးမှာ နီးစပ်ရာဆေးဆိုင်တွေမှာ အလွယ်တကူ ဆေးဝယ်သောက်လိုက်တာ များပါတယ်။ အနာနဲ့ဆေး တည့်သွားရင်တော့ ကိုယ့်အတွက်လည်း အကုန်ကျသက်သာ တာပေါ့။ ဒီတော့ ဆေးဝယ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် ဆောင်ရန် /ရှောင်ရန်တွေက

1. ကိုယ်ဖြစ်နေတဲ့ရောဂါကို သေချာပြောပြပါ

2. ကိုယ်နဲ့ မတည့်တဲ့ဆေးတွေရှိရင် ကြိုပြီးပြောပြပေးပါ .. (တချို့ဆို B complex တို့ Sulphur တို့နဲ့မတည့်တာတွေရှိပါတယ်)

3. ဆေးနမူနာနဲ့ ဝယ်တဲ့အခါမျိုးတွေမှာ mg တို့ ml တို့ကို သေချာကြည့်ပါ .. (ဥပမာ Amlodipine ဆိုရင် 5mg / 10 mg တို့သောက်တာများပါတယ် .. ကိုယ်သောက်တဲ့ဆေးက 5mg ဆိုပေမယ့် ဆိုင်က ပေးလာတာက 10mg ဆိုရင် dose ကိုလျှော့သောက်ရတော့မှာပါ) ဆေးမှားတာ မဟုတ်ပေမယ့် ဆေးပမာ နည်းတာ များတာကြောင့် အန္တရာယ်ရှိတတ်ပါတယ်

4. လူနာက လူကြီးလား / ကလေးလား ဆိုတာကို သေချာပြောပြပါ .. (ဆိုင်ကတော့ မေးတတ်ပါတယ်) ကိုယ့်ကလေးအတွက်ဝယ်ပေမယ့် ဆိုင်က လူကြီးသောက်ဆေးတွေ ပေးလာတာမျိုး ဖြစ်တတ်လို့ပါ

5. အရေးကြီးဆုံးက ဆေးကဒ်တွေပေါ်က Expire Date (ဒိတ်လွန်) ကို သေချာကြည့်ပြီးမှ ဝယ်ပါ .. တချို့ဆေးကဒ်တွေမှာ ရှာမတွေ့ရင် ရောင်းသူတွေကိုမေးပါ .. ထွေထွေထူးထူး ဒုက္ခမပေးပေမယ့် အာနိသင်ပျယ်သွားတဲ့ ဆေးတွေက ရောဂါလည်း မပျောက်နိုင်တော့လို့ပါ

ဒီအချက်တွေကိုပဲ သေချာလေးပြောပြပေးရင် ကိုယ်တိုင်လည်း အဆင်ပြေနိုင်သလို ဆေးတခုခု မှားယွင်းတာမျိုးတွေ ဖြစ်နိုင်ခြေနည်းသွားတာပေါ့။

အားလုံးပဲ ရောဂါဘယတွေကင်းပြီး ကျန်းမာပါစေ။

Care With Love
Golden Lion Healthcare
By
ရွှေခြင်္သေ့ (ဆေးဆိုင်)၊ လွိုင်ကော်မြို့
083 2221196