သရက်ရွက်ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးများ
သရက်ပင်ရဲ့ အရွက်မှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာ ရှိကြတဲ့အတွက် ဆေးဝါးအနေနဲ့ အသုံးပြုနိုင်ပါတယ်။
သရက်ရွက်မှာ တန်နင် ခေါ်တဲ့ အန်သိုဆိုင်ရာနင်တွေ ပါ၀င်တဲ့အတွက် ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ သွေးကြောရောဂါတွေကို ကုသရာမှာ အသုံး၀င်ပါတယ်။ သူက ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေကိုလည်း တွန်းလှန်နိုင်တဲ့အပြင် ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲကြေဆေး၊ ရင်ကျပ်ပန်းနာပျောက်ဆေး၊ သွေးတိုးကျဆေး၊ ၀မ်းပျော့ဆေးနဲ့ နှလုံးအားကောင်းတဲ့ ဆေးအဖြစ်လည်း အသုံး၀င်ပါတယ်။ ပိုးမွှားကောင်ကိုက်ရာမှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ သရက်ရွက်ကို အောက်ပါရောဂါတွေကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၁။ ဆီးချိုရောဂါကို ကုသနိုင်ခြင်း
သရက်ရွက်ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ထားပါ။ လက်ဖက်ရည်ဇွန်း တစ်၀က်စာ သရက်မှုန့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်မှီဝဲပေးပါက ဆီးချိုရောဂါဖြစ်ခါစအခြေအနေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်မှာပါ၀င်တဲ့ ဒြပ်ပေါင်းတွေက မုန့်ချိုအိတ်ပတ်၀န်းကျင်က သွေးကြောတွေကို ကျန်းမာရေး ကောင်းမွန်စေတာကြောင့်ပါ။
ဒ့ါအပြင် သွေးတွင်းသကြားဓာတ် ဂလူးကို့စ်လျော့ကျစေနိုင်တာ၊ သွေးကြောတွေ ကျန်းမာ သန်စွမ်းစေနိုင်တာနဲ့ သွေးဖိအားကျဆင်းစေနိုင်တာကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ဝေဒနာနဲ့ သွေးတိုးရောဂါကို ကုသရာမှာ အလွန်အသုံး၀င်ပါတယ်။
သရက်ရွက်မှာ vitamins, enzymes, antioxidants တွေအများအပြားပါဝင်တာကြောင့် သူ့ကိုကျန်းမာရေးအတွက် ကောင်းစွာအသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ သရက်ရွက်နုနုလေး ၁ဝရွက်ကနေ ၁၅ရွက်အထိခူးပြီး ရေတစ်ဖန်ခွက်စာပမာဏနဲ့ ပြုတ်ပါ။ ပြီးရင် ထိုအတိုင်း တစ်ညတာထားပါ။ နောက်တစ်နေ့ မနက် ရောက်တဲ့အခါ ဘာမှမစားရသေးခင်း ပြုတ်ထားတဲ့အရည်ကိုသောက်ပါ။ ဒီအတိုင်း နှစ်လကနေ သုံးလ ဆက်တိုက်သာလုပ်ပေးမယ်ဆို သင့်ရဲ့ ဆီးချိုရောဂါပျောက်ကင်းတဲ့အပြင် ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ နေရောင်မကျတဲ့ နေရာမှာ သရက်ရွက်တွေကို အခြောက်ခံထားပါ။ ပြီးရင် ခြောက်နေတဲ့ အရွက်တွေကို အမှုန့်ဖြစ်အောင် လုပ်ပြီးတစ်နေ့ကို လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်းသောက်သုံးပေးပါ။ ကျန်းမာရေး သိသိသာသာကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
၂။ သွေးတိုးကျစေတယ်
သရက်ရွက်မှာ Hypotensive သတ္တိတွေ ပါဝင်တာကြောင့် သွေးတိုးကို ကျစေပါသည်။
၃။ အပန်းပြေစေ
စိတ်တွေရှုပ်ထွေး ဒေါသတွေထွက် စတဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်နေသလား သရက်ရွက် ၃ ရွက်လောက်ကို ရေချိုးတဲ့ ရေနွေးလေးထဲ ထည့်စိမ်ပေးပါ။ ပြီးရင် အဲ့ဒီ့ရေနဲ့ စိမ်ပေးပါ။ ဒါဆိုစိတ်ကို တည်ငြိမ်စေပြီး အပန်းပြေစေပါတယ်။
၄။ အသက်ရှုလမ်းကြောင်း ရောဂါကို သက်သာစေ
သရက်ရွက်က အအေးမိ လေပြွန်ရောင်တာနဲ့ ပန်းနာ ရင်ကြပ် အစရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် သရက်ရွက်ကို ပြုတ်ပြီး ပျားရည်အနည်းငယ် ခပ်သောက်ပေးပါ။ အသံဝင်တာတွေ အတွက်လည်း ကောင်းပါတယ်။
၅။ ကျောက်ကပ် ကျောက်တည်တာတွေ အတွက်လည်း ကောင်းမွန်
သရက်ရွက်က ကျောက်ကပ်များ ကျောက်တည်တာ အတွက်လည်း ကောင်းပါတယ်။ သရက်ရွက်တွေကို အခြောက်လှမ်းပြီး အမှုန့်ထောင်းကာ ရေထဲ တစ်ညစိမ်ပြီး သောက်ရင်လည်း ကျောက်ကပ် ကျောက်တွေ ကျစေနိုင်ပါတယ်။
Credit : Myawady Health