Skip to main content

နိုဝင်ဘာလတွင် ပြိုင်ပွဲ သုံးခု ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ

နိုဝင်ဘာလတွင် ပြိုင်ပွဲ သုံးခု ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ သည် နိုဝင်ဘာတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့်ပြိုင်ပွဲများအနက် ပိုမို အဆင့်မြင့်မားသည့် ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး Grade-2 အဆင့်ရှိ World Tour Super 300 ပြိုင်ပွဲ၌ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ နီပေါနိုင်ငံ၌ ကျင်းပမည့် International Chall-enge ပြိုင်ပွဲ၊ အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိကျင်းပမည့် International Challenge ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ကျင်းပမည့် HSBC BWF Wor-ld Tour Super 300 ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

International Challenge ပြိုင်ပွဲတွင် ဆုကြေး ငွေစုစုပေါင်းဒေါ်လာ ၂၅၀၀၀ သာ ချီးမြှင့်သော်လည်း BWF World Tour Super 300 ပြိုင်ပွဲတွင်မူ ဆုကြေးငွေ စုစုပေါင်းဒေါ်လာ တစ်သိန်းခွဲအထိ ချီးမြှင့်မည်ဖြစ်သည်။ သက်ထားသူဇာ သည် ယင်းပြိုင်ပွဲ သုံးခုအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် ဂျပန် နိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ကမ္ဘာ့အဆင့်သတ်မှတ် ချက် မြင့်မားရန်လိုအပ်နေပြီး ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က ကျင်းပ လျက်ရှိသည့်ပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကာ အမှတ်များရယူနိုင်မှ သာ အဆင့်သတ်မှတ်ချက် တက်လာ မည်ဖြစ်သည်။

ညီမြတ်သော်တာ
Source : Myanmaalinn