Skip to main content

နေ့နံအလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက် ရတနာများ

နေ့နံအလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက် ရတနာတွေကို ယှဉ်တွဲ ဖော်ပြလိုက်ပါတယ်နော်။

၁။ တနင်္ဂနွေ - ပတ္တမြား သို့မဟုတ် ကျောက်နီ

၂။ တနင်္လာ - ပုလဲ

၃။ အင်္ဂါ - သန္တာ

၄။ ဗုဒ္ဓဟူး - မြ သို့မဟုတ် မြရည်ဝင်သော ကျောက်စိမ်း၊ ၊ပြောင်ခါင်းစိမ်း

၅။ ကြာသပတေး - ဥဿဖရား

၆။ သောကြာ - စိန်

၇။ စနေ - နီလာ

၈။ ရာဟု - ဂေါ်မိတ်



ဖော်ပြပါ ကျောက်မျက် များ၏ ဂုဏ်သတ္တိ များကိုလည်း သန်းဝင်းလှိုင်၏ (အဖိုးအနဂ္ဃ ထိုက်သော မြန်မာ့ကျောက်မျက်ရတနာများ) စာအုပ် မှ ကူးယူ ဖော်ပြပါတယ်ရှင်။

ပတ္တမြား - ဘေးရန်အမျိုးမျိုး ကို ကာကွယ် နိုင်သည်။စီးပွားတိုးတတ်သည်။

မြ - ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာသည်။ဘေးဘယာများကို ကုစားနိုင်သည်။

ပုလဲ - ကျက်သရေရှိပါသည်။သွေးလေ ချောက်ချား စိတ်နှလုံးပျက်ပြားနေသူများကို ကုစားနိုင်သည်။

သန္တာ - စုန်းပယောဂများကို ကာကွယ် နိုင်သည်။

စိန် - ပျော်ရွှင်ချမ်းမြေ့၍ လာဘ်လာဘရွှင်စေနိုင်သည်။ဂုဏ်ရှိသည်။

ကျောက်စိမ်း - မင်္ဂလာရှိ၍ ကြောက်ရွံ့ထိတ်လန့်ခြင်းကို ကာကွယ် နိုင်သည်။

နီလာ - လေနှင့်သည်းခြေကို နိုင်သည်။၄င်းကိုဆောင်ထားခြင်းဖြင့် စနေဂြိလ်ဖမ်းစားခြင်းမှ လွတ်ကင်း၏။

ဥဿဖရား - အဆိမ်နာ၊ပျို့အန်နာ၊သလိပ်နာ၊လေနာ၊နူနာ တို့ကို နိုင်သည်။ဝမ်းမီးကိုတောက်စေတတ်၏။အစာကိုကြေစေတတ်၏။

ဂေါ်မိတ် - အသိဥာဏ်ကို ထွန်းတောက်စေတတ်၏။မကောင်းသော ဘေးရန်တို့မှ လွတ်ကင်း၏။

ချစ်သော မိတ်ဆွေများအားလုံး ဗဟုသုတ အဖြာဖြာ တိုးပွားကြပါစေရှင်။

Credit : Original Writer