ကြည်နူးပီတိလေးမို့ အမှတ်တရ ဖြစ်အောင် fb ပေါ်မှတ်တမ်းလေး တင်ထားတာပါ။
ဒီနေ့ မနက် စောစော လမ်းလျှောက်ရင်း လမ်းပေါ်မှာ ရွှေဆံညှပ်လေး တစ်ခုကောက်ရတယ် ။ ရုတ်တရက်ဆိုတော့ ပုထုဇဉ်သဘာဝ လောဘစိတ်ကလေးနဲ့ ဝမ်းသာအားရ ကောက်ယူလိုက်တယ် ။
ငါးမူးသားလောက်ဆိုတော့ ကာလတန်ကြေး လက်ခနဲ့ ရွှေဖိုး ခုနှစ်သိန်းလောက်တန် တယ်လေ။ စိတ်ထဲမှာ တွေးလိုက်မိတာက ပစ္စည်းပိုင်ရှင် မိန်းမခမျာ ဘယ်လောက်များ နှမြောနေရှာမလဲလို့။ အစောကပျော်တဲ့စိတ် အစားစိတ် မကောင်းတဲ့ စိတ်ကလေး ဝင်လာတယ်။
အဲဒါနဲ့ အဲဒီနားတစ်ဝိုက် ခေါက်တုံ့ ခေါက်ပြန်လမ်းလျောက်ရင်း ပစ္စည်းပိုင်ရှင်ဖြစ်နိုင်တဲ့သူကို ဟိုကြည့်ဒီကြည့် ရှာနေမိတယ်လေ။

ခဏအကြာတော့ ကိုယ့်အဒေါ်အရွယ် အမျိုးသမီးတစ်ယောက် မျက်စေ့မျက်နာ မကောင်းစွာနဲ့ ဟိုကြည့်သည်ကြည့် လမ်းလျောက် လာတာတွေ့တာနဲ့ စိတ်ထဲကလည်း ပစ္စည်းပိုင်ရှင်ထင်မိတာနဲ့ မေးလိုက်မိတယ် ။
အန်တီ ဘာလိုက်ရှာနေတာလဲရှင့် လို့။ သူကငိုသံတောင်ပါတယ် ပြန်ပြောတာ။ စျေးသွားရင်းရွှေဆံညှပ် ကလေး ကျပျောက်သွားလို့ သမီးရယ် အိမ်က သေသေချာချာညှပ်ခဲ့တယ် ။စျေးရောက်မှ သိတာ ချက်ချင်းပြန်လာရှာတာကို မတွေ့တော့ဘူး တဲ့။
အဲဒါနဲ့အိတ်ထဲက ဆံညှပ်ကလေးကို ထုတ်ပြလိုက်ရင်း အန်တီဒီဟာလားဟင် လို့ဆိုတော့ သူ့ခမျာဝမ်းသာအားရ နဲ့ ဟုတ်တယ် ဟုတ်တယ် သမီး ကျေးဇူးတင်လိုက်တာ သမီးရယ် အန်တီ ချွေးနှဲစာလေးနဲ့ ခြစ်ကုတ် စုပြီး ဝယ်ထားတာလေးမို့ အရမ်းနမြောနေတာ ဆုံးပြီထင်နေတာ အမယ်လေး ဝမ်းသာလိုက်တာ ဝမ်းသာလိုက်တာ ပြောရင်းသူ့ခမျာ မျက်ရည်တွေ ဝဲလို့လေ။
ရပါတယ် အန်တီရယ် ကျေးဇူးတင်စရာညမလိုပါဘူး နောက်ဆိုရင် တန်ဖိုးကြီးပစ္စည်းဆို သေချာသတိထားပြီး သုံးပါနော်လို့ သတိပေး စကားလေးနဲ့အတူ သူ့လက်ထဲကို ပြန်ထည့်ပေးလိုက်ပါတယ်။ သူ့အိမ်ကို ခေါ်သွားပီး လက်ဘက်ရည်တိုက် မုန့်တွေကျွေးနဲ့ ပျော်နေလိုက်တာ သူ့ခမျာ ။အမှတ်တရပီတိလေးအတွက် ဆံညှပ်ကလေးကို ဓါတ်ပုံရိုက်ခဲ့တယ် ။
ရွှေငွေပစ္စည်းတွေ ခဏခဏ ကောက်ရဖူးတယ် ။သူငယ်တန်းတုန်းက မှတ်မှတ်ရရ ကျောင်းအဆင်းမှာ ပိုက်ဆံအိတ် ကောက်ရတာ ငွေတွေမှ အများကြီးပဲ။ အိမ်ကိုယူလာတော့ အဖေနဲ့ အမေက နောက်ရက်မှာ ကျောင်းအုပ်ကြီး အခန်းအထိ ကိုယ်တိုင် ပိုက်ဆံအိတ် လိုက်အပ်ပေးတယ် ။
ဘယ်သူ့ဟာမှန်း မသိပဲ ကျောင်းက ရုံးခန်းမှာပဲအပ်ထားခဲ့လိုက်တာ။ အခုချိန်ထိ ပြန်သတိရတုန်းပဲ။
အကျင့်ကောင်းလေး လမ်းပြပေးခဲ့တဲ့ မိဘကျေးဇူးရယ် ကိုယ်တိုင် ပျောက်တုန်းက ခံစားရတာတွေလည်း ကိုယ်ချင်းစာမိတယ်လေ။ ရွှေကို မကြာခဏကျပျောက် ဖူးတာ တစ်ခါပဲ ပြန်ရဖူးတယ်။ ကောက်တွေ့တဲ့သူ ပြန်လာပေးတော့ ခံစားရတဲ့ ဝမ်းသာမူ့ကိုမမေ့ဘူး။
သူများပစ္စည်းကို ကိုယ်ကောက်ရလို့ ပိုင်ရှင်ကို ပြန်ပေးရတဲ့ စေတနာရဲ့ အကျိုး က ပြန်သတိရတိုင်း ကြည်နူး ဝမ်းမြောက်ခြင်း ပီတိပါပဲ။
တက္ကသိုလ် အဆောင်မှာနေတုန်းက အခန်းမှာလာလည်တဲ့ သူငယ်ချင်း ရွှေတစ်ကျပ်သားလက်ပတ်ကြိုး အခန်းထဲမှာ ကျကျန်ခဲ့တာ သူ့အခန်းထိ ချက်ခြင်း ပြန်လိုက်ပေးလိုက်တယ်။
သူ့ခမျာ ထိတ်လန့်ပြီး ပျော်သွားလိုက်တာ တော်သေးတယ်ဟယ် ပျောက်လို့ကတော့ အိမ်တောင်မပြန်ရဲတော့ဘူး ကျေးဇူးတင်လိုက်တာ တဲ့။
ဒီနေ့ဆ်ို သူက လူကြီးကတော် ဖြစ်နေပြီ။ ကိုယ့်ကို အမြဲတမ်းသတိတရ ဖုန်းအမြဲဆက် ပြီး လိုတဲ့အကူအညီပြောနော်လို့ အမြဲပြောတယ်။
မလိုပါဘူး။ မလိုဘူး ဘဝမှာ ကိုယ့်အစွမ်းအစနဲ့ ရတဲ့ ငွေကြေးကသာ သုံးရတာ အရသာ အရှိဆုံးဆိုတာ ကိုယ်တိုင်ရှာပြီး သိနေလို့ပါ။ မြတ်စွာဘုရားရှင် မိန့်ကြားတဲ့ ဆုံးမ ဩဝါဒ တွေလည်းနှလုံးသားမှာ ကိန်းအောင်း လိုက်နာလို့ပါ။
သူများကို လှူလိုက် ပေးလိုက်တယ်ဆိုတာ ကိုယ်ဆီက ကုန်သွားတာ မဟုတ်ဖူး ကိုယ်အများကြီး ရလိုက်တာပါ။ ဒီလိုပဲ သူများပစ္စည်းကို ကိုယ်ယူလိုက်တာလည်း ကိုယ်ရလိုက်တာ မဟုတ်ဖူး အများကြီး ပေးလိုက်ရတာ ဖြစ်တယ် လို့ မြတ်ဘုရားရှင် မိန့်ကြားတဲ့ဆုံးမ စကားတော် ကို လိုက်နာကျင့်သုံးနေထိုင်ရင်း ဒီပီတိကလေးတွေက ဘာနဲ့မှမလဲနိူင် တစ်သက်တာလုံး သတိရတိုင်း ကြည်နူးရတဲ့ ပီတိမို့ အမြဲတမ်း တစ်သက်လုံး ပေးသောလက်သာ ကိုယ်ဖြစ်ပါရစေ စားတဲ့ထမင်းလုပ်တိုင်း သန့်ရှင်းပါရစေ လို့။
Source : Khin Mim Agsi