ကားဂီယာ ပျက်ခြင်းမှ ကာကွယ်ရန် ဂီယာစနစ် ပျက်စီးစ ပြုနေကြောင်း ပြသော လက္ခဏာများ
မော်တော်ယာဉ်၏ ဂီယာစနစ်သည် ကားတစ်စီးလုံး၏ အရေးပါဆုံးနှင့် အရှုပ်ထွေးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပါသည်။ ရှုပ်ထွေးသော ဟိုက်ဒရောလစ် စနစ်များ ရာချီပါဝင်ပြီး ကွန်ပျူတာနှင့် ထိန်းချုပ်ထားသော လျှပ်စစ်ပစ္စည်းများကလည်း ဂီယာပြောင်းရန် အတူတကွပူးတွဲ လုပ်ဆောင်နေရပါသည်။
ယခုခေတ် ရှေ့ယက်ယာဉ်များ၊ အော်တိုဂီယာများ၊ ကွန်ပျူတာစနစ်များ ပါဝင်လာသော ဂီယာစနစ်များသည် ရှုပ်ထွေးပြီး ပြင်ဆင်ရခက်ပြီး ပုံမှန် Service ပေးရန်၊ ဆီလဲပေးရန်လည်း လိုအပ်ပါသည်။ ဂီယာပျက်ခြင်းမှ ကာကွယ်ရန် ဂီယာစနစ် ပျက်စီးစပြုနေကြောင်း ပြသော လက္ခဏာများကို ဖော်ပြလိုက်ပါသည်။
၁။ အရည်ယိုခြင်း
ဂီယာအုံမှ အရည်ယိုခြင်းသည် ကားကို ဂရုစိုက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြသော လက္ခဏာတစ်ခုဖြစ်ပါသည်။ ကားဂိုထောင်ကြမ်းပြင်တွင်ကျနေသော အရည်နည်းနည်းသည် ပြဿနာကြီးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။
ဂီယာဆီသည် ကားဂီယာပြောင်းနိုင်ရန်အရေးပါသော အနီရောင်တောက်တောက်ချိုပြီး အနံ့ရှိသော အရည်တစ်မျိုးဖြစ်ပြီး ကားဂီယာဆီ အလိုအလျောက်လျော့နေပါက ဆီယိုစိမ့်နေသောကြောင့်ဖြစ်ပါသည်။
ဂီယာဆီ ယိုစိမ့်နိုင်သော အကြောင်းအရာများမှာ မကြာသေးခင်က ကားပြင်ထားခြင်း၊ Gasket များ Seal များ စားနေခြင်း Bell Housing များ ပြဿနာဖြစ်နေခြင်း၊ ဂီယာတံချောင်နေခြင်း၊ ဂီယာစက်သွားချော်နေခြင်း၊ အင်ဂျင် ဂီယာ Axle အထိုင်များ ချောင်နေခြင်းတို့ဖြစ်ပါသည်။
၂။ Warning မီးလင်းလာခြင်း
ယခုခေတ်ကားများတွင် ကားများပြဿနာဖြစ်နေသောနေရာကို ပြောပြနိုင်သောအစွမ်းရှိပါသည်။ ဂီယာအုံက Sensor များသည် မသိနိုင်သော တုန်ခါလာခြင်းများ၊ ပြဿနာစလာခြင်းများကို သိရှိပြီး ပြောပြနိုင်ပါသည်။
အဖြစ်အများဆုံးမှာ Transmission Temperature Warning မီးလင်းလာခြင်းဖြစ်ပြီး ဂီယာဆီက ပုံမှန်ထက် ပိုပူနေပြီး ဂီယာအုံတစ်ခုလုံး အပူလွန်လာပါက လင်းတက်ပါသည်။ ထိုမီးလင်းသည်နှင့် ဂီယာဆီ Level နှင့် Coolant Level ကို ချက်ချင်းစစ်ဆေးရမည်ဖြစ်ပါသည်။
၃။ အနံ့ဆိုးများ
ဂီယာဆီသည် ချိုသောအနံ့ရှိပါသည်။ မီးလောင်ထားသော အနံ့မျိုးရနေပါက ဂီယာဆီ အမြန်ဆုံးလဲလှယ်သင့်ပါသည်။ ဂီယာဆီသည် ဂီယာစနစ်တစ်ခုလုံးကို ချောမွေ့အောင် လုပ်ပေးသည့်အပြင် အပူမလွန်အောင် ကာကွယ်ပေးပါသည်။ ဂီယာဆီကိုယ်တိုင်က အပူလွန်နေပါက ဂီယာအုံပါ လိုက်ပူနေပြီး ကြာလျှင် ဂီယာအုံချရသည့်အဆင့်သို့ ရောက်သွားနိုင်ပါသည်။
၄။ Dipstick ဖြင့် စစ်ဆေးခြင်း
ဂီယာဆီကို Dipstick ဖြင့် စစ်ဆေးခြင်းက အလွယ်ဆုံးနည်းဖြစ်ပြီး ကားဂီယာဆီ Dipstick ရှိသည့်နေရာကို ရှာကြည့်ပါ။ ကားအင်ဂျင်ကို Neutral သို့မဟုတ် Pack မှာထားပြီး အင်ဂျင်နွေးသည်အထိ စောင့်ပြီးပါက အင်ဂျင်မရပ်ဘဲ Dipstick ကိုထုတ်လိုက်ပါ။
အင်ဂျင်ဆီအရောင်သိရန် လက်မလက်ညှိုးနှင့် ပွတ်လိုက်သည့်အခါ ထိုအရည်သည် ပန်းရောင်ရှိပြီး ကြည်လင်ရမည်ဖြစ်ပါသည်။ အရည်ပြည့်မပြည့်ကိုလည်းစစ်ကြည့်ပြီး အင်ဂျင်ဆီ၏ အရည်သည် အညိုရောင်ဖြစ်ပြီး လောင်ထားသည့်အနံ့ရနေပါက လဲလှယ်သင့်ပါသည်။
၅။ အသံဆိုးများ
ထိုနေရာတွင် အော်တိုနှင့် Manual ဂီယာစနစ် အသံဆိုးများ မတူညီပေ။ Manual စနစ်တွင် ဂီယာချိန်းတိုင်း အရမ်းဖိကြိတ်ခံထားရသကဲ့သို့ အသံထွက်ခြင်းသည် မကောင်းသော လက္ခဏာဖြစ်ပါသည်။ ကလပ်နင်းလိုက်ပါက ထိုအသံထွက်လျှင် ကလပ်ပြန်ချိန်ရမည်ဖြစ်ပြီး ဂီယာစက်သွားများ စားသွားခြင်းလည်း ဖြစ်နိုင်ပါသည်။
အော်တိုဂီယာဆိုပါက ဂီယာချိန်တိုင်းတွင် မသိမသာပြောင်းလဲသွားခြင်းမဟုတ်ဘဲ သိသိသာသာ ခံစားသိရှိနေရလျှင် အမှားအယွင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါသည်။ တုန်နေသည့်အသံကြားရပါက တတ်ကျွမ်းသူနှင့် သွားပြသင့်ပါသည်။
၆။ ဂီယာချက်ချင်းမပြောင်းခြင်း
ဂီယာများသည် လိုအပ်သောအဆင့်ကို ချက်ချင်းရောက်ရန် ဒီဇိုင်းထုတ်ထားခြင်းကြောင့် ထိုသို့ချက်ချင်းမပြောင်းပါက မှားယွင်းမှုရှိနေကြောင်းသိရပါသည်။ Manual ဂီယာများတွင် ဂီယာပြောင်းလိုက်ပါက ကားအင်ဂျင်ပိုလည်လာသော်လည်း ကားသွားနှုန်း ပိုတက်လာခြင်းမရှိလျှင် ကလပ်စားနေခြင်းဖြစ်ပြီး ဂီယာပြဿနာဖြစ်နေနိုင်ပါသည်။
အော်တိုဂီယာတွင် Park နှင့် Drive ပြောင်းသည့်အခါတွင် ချက်ခြင်းမရောက်ခြင်းများ ဖြစ်တက်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ကားပြဿနာတင်မဟုတ်ဘဲ လုံခြုံရေးအတွက်ပါ ပြဿနာ ဖြစ်နေနိုင်ပါသည်။
Source : Car Lover