အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၀၈/၇- ၂၀၉/၀ အကြားတွင် သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား

အောက်တိုဘာလ(၂၄)ရက်နေ့ ညနေ (၀၅၁၅) နာရီချိန်တွင် နေပြည်တော် ဒဏ္ခိဏ သီရိ မြို့နယ် ကျွဲတွဲ ကျေးရွာနေ ဦး-- ၏ သမီးဖြစ်သူ မ---- (၁၃) နှစ် သည် ရွှေမင်းဂံ ကျေးရွာ တွင် ပန်းရံ အလုပ် လုပ်ကိုင်နေရာမှ အိမ် ပြန် ရာတွင် ကျွဲတွဲ ကျေးရွာနေ အောင်သန်းဇော် မှ ဆိုင်ကယ်ဖြင့် အိမ်လိုက်ပို့ပေးမည်ဟု အကြောင်းပြ ခေါ်ဆောင်ကာ

အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၀၈/၇- ၂၀၉/၀ အကြား လမ်းလယ်ကျွန်းရှိ လူမနေသည့် အဆောက်အဦ အတွင်း မ--- ဗိုက်ကိုဓါးထောက်၍ သားမယား အဖြစ် ပြုကျင့် ပြီး ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းအရ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ် နေရာ သို့ သွားရောက်စစ်ဆေးပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေး အတွက် စပ်ဆက်နယ်မြေ များနှင့် ပူးပေါင်းဆောင်ရွက် သတင်းဖော်ထုတ်ခဲ့ရာ

မသင်္ကာသူ တရားခံ အောင်သန်းဇော်သည် ရေတာရှည် မြို့နယ် မအူဒုန်း ကျေးရွာတွင် ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်း ရရှိသဖြင့် နယ်မြေ ရဲတပ်ဖွဲ့ဝင်များ အကူအညီ ရယူရျ် အောက်တိုဘာလ (၂၆) ရက် ည (၀၈၃၀) နာရီချိန်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များမှ တရားခံ ကိုအောင်သန်းဇော် (၂၃) နှစ် ကို ဖမ်းဆီးရမိ သဖြင့် ဥပဒေ အရ ထိရောက်စွာ အရေးယူ နိုင်ရေး စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး