Skip to main content

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက် အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများ အတွက် ဆေးနည်းကောင်းလေး

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက် အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများ အတွက် ဆေးနည်းကောင်းလေး

အချိန်မကုန် လွယ်ကူ သက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။

ပါဝင် ပစ္စည်းများကတော့ သံပုရာသီး တစ်လုံး၊ ဂျင်း လက် တစ်ဆစ်ခန့်နဲ့ ပျားရည် ၂ ဇွန်းခန့်။

ပထမဆုံး သံပုရာသီး နဲ့ ဂျင်း လက်တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင်ဆေးပါ။ ပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ။

ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ (သို့) ဖန်ခွက် တစ်ခွက်ထဲသို့ ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ။

နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့် မွှေပေးပြီး တစ်ခွက်လုံးညသောက်ပါ။ အဖတ်တွေကို လွှင့်ပစ်ရပါမယ်။

သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ့ နာရီဝက်ခန့် ခွါပြီး သောက်ရပါမယ်။ ဒီရေနွေး သောက်ပြီး အစာမစားတော့လျှင် အကောင်းဆုံးပါပဲ။

အနှစ်နှစ်အလအလ အဆီပိုတွေ ဖြစ်တဲ့ အတွက်အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန် သောက်ကြည့်ပေးပါ။ သိသာတယ်ဆို ဆက်သောက်ချင် လာပါလိမ့်မယ်။ သောက်တာ ရက် ၂၀ လောက်ရှိပါပြီ သိသာပါတယ်။

ညီမလေး တစ်ယောက်ဆီကရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ။ သိသာလို့ လက်တို့ လိုက်ပါတယ်နော်။ နို့တိုက် မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး။

လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ညဗိုက်နာ ဖြစ်လာတာမျိုး Pressure ကျလာတယ်ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင်။ ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွားတယ်လို့ ထင်ပါတယ်။ သောက်တာကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး။

အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး။ ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင်။

စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီးလိုသလိုသုံးကြည့်ကြပေါ့။ ပိုပြီး ထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ် လေ့ကျင့်ခန်းလည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ။

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ။

(ရေးသားသူ – Daw A Phyu Yaung)