ဘီယာ သောက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ
ဘီယာ ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ ဗိုက်ပူပူ ထိပ်ပြောင်ပြောင် တွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် ဘီယာမှာလည်း တကယ့်ကို ကောင်းတဲ့ အကျိုး ကျေးဇူးတွေ ရှိနေပါသေးတယ် ။ ဘာတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။
(၁) ဘီယာဟာ ဆံပင်တွေကို သန်မာစေပါတယ်
ဘီယာမှာပါဝင်တဲ့ ဗိုက်တာမင် ဘီ နဲက စီလီကွန်ဒြပ်ပေါင်းဟာ ဆံပင်သန်စွမ်းမှုကို တွန်အားပေးပါတယ်။ ဘီယာတစ်ခွက်လောက် သင့်ခေါင်းပေါ်လောင်းချပြီး ငါးမိနစ်လောက် နှပ်ထားကာ ရေနဲ့ဆေးလိုက်မယ်ဆိုရင် သင့်ဆံပင်တွေဟာ အရင်ထက်ကို ပိုတောက်ပလာမှာပဲ ဖြစ်ပါတယ် …။
(၂) အသားအရေကို တင်းရင်း ချောမွတ်စေတယ်
ဘီယာမှာ အသားအရေအိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ Antioxidants ဓါတ်တွေပါရှိတဲ့အတွက် အသားအရေပျက်ဆီးခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ဘီယာမျက်နှာပေါင်းတင်မျက်နှာဖုံးပြုလုပ်ဖို့အတွက်တော့ ဘီယာတစ်ဇွန်းရယ် ၊ ကြက်ဥ အကာရယ် ၊ ဗာဒံဆီနဲနဲလောက်ရယ် ရောမွှေပေးပါ …။
(၃) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်
Hop Flower လို့ခေါ်တဲ့ ဘီယာမှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးဟာ သဘာဝအိပ်ဆေးတစ်မျိုးဖြစ်ပါတယ်။ဘီယာမသောက်ချင်ဘူးဆိုရင်လည်း ခေါင်းအုံးစွပ်ကို ဘီယာဆွတ်ထားမယ်ဆိုရင် သင့်ကိုလျင်လျင်မြန်မြန် အိပ်ပျော် သွားစေပါလိမ့်မယ် …။
(၄) ခြေထောက် ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်
ဘီယာအေးအေးလေးထဲမှာ ခြေထောက်လေး ၅ မိနစ်လောက်စိမ်ထားလိုက်မယ်ဆိုရင် တစ်နေကုန်သွားလာနေရတဲ့အတွက် ခြေဖဝါးနာကျင်နေတာမျိုးတွေ လျော့ပါးသွားပါလိမ့်မယ် …။
(၅) ဆဲလ်အသေတွေကို ဖယ်ရှားပေးတယ်
ဘီယာဟာ ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်တဲ့အတွက် သင့်ဘီယာနဲ့ရေချိုးမယ်ဆိုရင်တော့ အသားအရေတွေ ဝင်းလက်တောက်ပလာမှာ အမှန်ပါပဲ …။
(၆) ဘီယာကို ရှာလကာရည်အစား သုံးနိုင်ပါတယ်
အသားနှပ်ဖို့ရှာလကာရည်မရှိတော့တဲ့အခါ ဘီယာနဲ့ အသားကိုနှိပ်ထားလိုက်ပါ ။ နောက်တစ်နေ့မနက်ရောက်ရင်တော့ နူးညံပြီး မွှေးကြိုင်နေတဲ့ အသားတွေ သင့်ကိုစောင့်ကြိုနေတာကို တွေ့ရပါလိမ့်မယ် …။
(၇) ပရိဘောဂတွေကိုလည်း သန့်ရှင်း တောက်ပြောင်စေတယ်
ဘီယာကို ရေမြှုပ်မှာဆွတ်ပြီး ပရိဘောဂတွေကို တိုက်ချွတ်မယ်ဆိုရင် သင့်ပရိဘောဂပစ္စည်းတွေအသစ်အတိုင်းတောက်ပ လာပါလိမ့်မယ် …။
(၈) အင်းဆက်တွေကိုလည်း ရှင်းနိုင်ပါသေးတယ်
အင်းဆက်တွေရှင်းလင်းဖို့ အတွက် ဘီယာကို ဖန်ခွက်တစ်ခုထဲထည့်ပြီး အလူမီနီယံပြားအုပ်ကာ အလူမီနီယံပြားအလယ်မှာအပေါက်လေးတစ်ဖောက်ဖောက်ထားလိုက်ပါ။ဒီအပေါက်ထဲကိုဝင်သွားတဲ့ ယင်ကောင်ကတော့ ဘယ်တော့မှပြန်ထွက်လာနိုင်မှာမဟုတ်ပါဘူး ။ ပိုးဟပ်လည်းအတူတူပါပဲ …။
(၉) သတ္တုပစ္စည်းတိုင်းကိုလည်း အရောင် တက်စေပါတယ်
ဘီယာမှာပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ သတ္တု ချေးချွတ်နိုင်တာကြောင့် ဘယ်သတ္တုကိုမဆို အရာင်တက်စေနိုင်ပါတယ်။ဘီယာကို အဝတ်မှာဆွတ်ပြီးမိနစ်အနည်းငယ်လောက် ပွတ်တိုက်လိုက်ရင် ဘယ်သတ္တုမဆို ပြောင်လက်သွားတာကို သင်မြင်တွေ့ရပါလိမ့်မယ် …။
(၁၀) သံကြေး တက်နေတဲ့ ဝက်အူကို ချွတ်ဖို့လည်း အထောက်အကူ ပြုပါတယ်
ခုနပြောခဲ့တဲ့အက်ဆစ်ဟာ သံကြေးတွေကို အလွယ်တကူစားပစ်နိုင်တဲ့ သံကြေးတက်ပြီးချွတ်မရဖြစ်နေတဲ့ ဝက်အူပေါ်ကို ဘီယာအနည်းငယ်လောင်းပေးလိုက်ရုံနဲ့ အလွယ်တကူချွတ်လို့ရသွားပါလိမ့်မယ် …။
Credit : Min Thu (YGN Times)