သစ်တို့၏ အရှင်သခင် သစ်မင်း၏ အစွမ်းထက်ပုံ
သိမီသမျှ ဗဟုသုတပါ။ သစ်တို့ရဲ့ ဘုရင်မို့ ရရှိသူတွေ သိမ်းဆည်းကြပါတယ်။ တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး။ မကောင်းတဲ့ သစ်ဆိုး၊သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး။ သစ်စုန်းတွေကို နိုင်တယ်ယုံလို့ ဆောင်ထားတတ်ကြပါတယ်။ အချို့လည်း အိမ်မှာ စိုက်ပျိုးကြပါတယ်

ဆေးအသုံးအဖြစ် ဗိုက်အောင့်ဗိုက်နာ လေထိုးလေအောင့်ဘဖြစ်ပါက နနွင်းမှုန့် ဆား သစ်မင်းခေါက်ကိုသွေးလိမ်းပေးပါက သက်သာ ပျောက်ကင်းပါသည်။အချို့အနာပြည်တည် ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီး အုံခြင်းပြုပါက အမြန်ပင် ပြည်ထွက်ပြီး အသားနု တက်ပါသည်။

သစ်မင်း ဘယ်လို အသုံးပြုတာလဲ ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေ ရှင်ပညာဒီပ ကို မေးလျောက်မိတော့..
ဒကာတဲ့ ဒုတ္တာရေထဲ ဆား အနည်းငယ်ထည့်ပြီး သစ်မင်းကို ၁ နာရီစိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ် လို့မိန့်ပါတယ်။

ဒုတ္တာရေနဲ့စိမ်ပြီးတဲ့ သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲ နဲ့ များများလေးသွေးပြီး သစ်နဲ့ပတ် သက်တဲ့လူအသုံးအဆောင်၊ အိမ်၊ အဆောက်အဦ တွေကိုမကြာခဏ ပက်ဖျန်းခြင်းပြု ကြတယ်ဆိုတာ ကို မိန့်ပါတယ်။ ယုံသူတို့ လိုသလိုဆောင်ရွတ်နိုင် စေဖို့မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။ ဂုဏ်တော် (၉) ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။
မနောမယဂျာနယ်မှာ သစ်တို့အရှင် သစ်မင်းသခင် စာမူရေးခဲ့ပြီး ဖြစ်ပါတယ်။
Credit : ရဲမျိုးသူ ဗောဓိမြိုင်