Skip to main content

အအေးဘူး ဆိုဒါဘူး ဘီယာဘူးတွေ ဖောက်တော့မယ်ဆိုရင် သတိထားရမည့် အရာများ

အအေးဘူး ဆိုဒါဘူး ဘီယာဘူးတွေ ဖောက်တော့မယ်ဆိုရင် သတိထားရမည့် အရာများ

အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းသင့်အနေနဲ့ မဖြစ်မနေ သိထားသင့်ပါတယ်။ တခါတလေ အင်တာနက်သုံးနေရင်းနဲ့ ရူးကြောင်ကြောင်သတင်း တွေ့ဖူးကြမှာပါ။ ဘယ်လိုမျိုးတွေလည်းဆိုတော့ မိသားစု အကုန်လုံး soda ဘူးဖောက်သောက်ရင်း အဆိပ်သင့်သလိုဖြစ်ပြီး သေသွားတယ်ဆိုတဲ့ သတင်းလိုမျိုးပေါ့။

ဒါပေမယ့် အခုပြောပြချင်တာက တကယ်သေနိုင်လား? မသေနိုင်ဘူးလား? မသေဘူးဆိုရင်ကောဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်လည်း? ဘယ်လိုရှောင်ကျဉ်သင့်သလည်း? ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ရိုးရိုးသားသား ဖြေကြတာပေါ့။ အိမ်ကနေ အဝေးရောက်နေတဲ့ညအခါမျိုးတွေမှာ သံဘူးနဲ့ လုပ်ထားတဲ့ အအေးတွေ၊ ဆိုဒါတွေ၊ ဘီယာဘူးတွေကို သောက်တဲ့ အခါမှာ ဒီအတိုင်းဖောက်ပြီးတော့ သံဘူးနဲ့ဘဲသောက်ဖြစ်ကြပါသလား? မဖောက်သောက်ခင်တုန်းက မသန့်ရှင်းမှာညစိုးလို့ဆိုပြီး မျက်နှာပြင် တဝိုက်ကို Tissue နဲ့ သုတ်မိကြပါသလား? အဲ့လောက်နဲ့ သန့်ရှင်းသွားပြီလို့ ထင်လိုက်ပါသလား? ကဲ အဲ့ဒါတွေအကုန်လုံးအတွက် အဖြေတွေကို အောက်မှာ
ဖော်ပြပေးထားပါတယ်။

သံဘူး တွေအကုန်လုံးကို စက်ရုံ ကနေ ထုတ်လိုက်ပြီဆိုကတည်းက ပလတ်စတစ်တွေနဲ့ ထုတ်ပိုးထားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အခြား ဖုန်တွေ အညစ်အကြေးတွေ မတက်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ အနေအထား အတိုင်းဘဲ စူပါမားကတ်တွေကို ပို့ဆောင်ပါတယ်။ သံဘူးတွေဟာ စူပါမားကတ်တွေရဲ့ အရောင်းစင်တွေမှာရက်ပေါင်းများစွာ ရှိနေတာကြောင့် အချို့သောဖုန်တွေတက်နေနိုင်ပါတယ်။

ဒါကြောင့် မသောက်ခင်မှာ သန့်ရှင်းရေးလုပ်ပေးတာအကောင်းဆုံးပါဘဲ။ ဒါပေမယ့် အမှန်တကယ်ကတော့ သံဘူးတွေ အရမ်းညစ်ပတ်နေလို့ဆိုပြီး ဆပ်ပြာမှုန့်တွေ သုံးပြီး တိုက်ချွတ်ဆေးကြောတာကတော့ လုံးဝမလိုအပ်တဲ့ နည်းလမ်းဘဲ ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ်ပါ၊ နောက်တစ်ခါ သံဘူးတွေကို ဖွင့်သောက်တော့မယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။

– သံဘူးကိုသန့်ရှင်းပေးပါ။ ဘာလို့လည်းဆိုတော့ စတိုးဆိုင်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန်ထဲကသိမ်းထားတယ်ဆိုတာကို သင်မသိနိုင်လို့ပါဘဲ။

– Tissue သုံးမယ်ဆိုရင်လည်း တစ်ခုသိထားရမှာက Tissue က ဖုန်တွေကိုဘဲ ဖယ်ရှားပေးနိုင်တာပါ။ ပိုးတော့ မသတ်ပေးနိုင်ပါဘူး။

– သံဘူးက ကောင်းကောင်းမွန်မွန် အနေအထားနဲ့ရှိနေသလားဆိုတာကို သေချာစစ်ဆေးပါ။ သံချေး တက်နေလား? ပျက်စီးနေလား? ပိန်ရှုံ့နေသလား?

– သံဘူးဟာ ဖောင်းကြွနေတယ်ဆိုရင်တော့ မသင့်တင့်တဲ့ ပိုးသတ်နည်းကို အသုံးပြုထားတာကြောင့် ညစ်နွမ်းနေမှာ ဖြစ်ပါတယ်။ အကယ်၍များ သံဘူးရဲ့ဘေးမှာ အပေါက်သေးသေးလေးတွေ ရှိနေတာကြောင့်ဆိုရင်လည်း အဲ့ဒီလိုဖြစ်နိုင်ပါတယ်။

– ပျက်စီးနေတယ်ဆိုရင်တော့ အတွင်းပိုင်းက အရာတွေဟာ အရည်တွေနဲ့သတ္ထုတွေကို ပေါင်းစပ်သွားစေနိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။ သတ္ထုကသာ သံချေးတက်နေမယ်ဆိုရင် အဲ့ဒီသံချေးဟာအရည်တွေနဲ့ ရောသွားပြီး မသောက်သုံးသင့်တော့ပါဘူး။

နောက်ဆုံး ပြောပြချင်တာကတော့ အကြံဉာဏ်ရိုးရိုးလေးတစ်ခု ပေးချင်ပါတယ်။ သင်ကိုယ်တိုင်လည်း အင်တာနက်မှာ ရှာဖွေတွေ့ရှိသမျှကို အလုံးစုံယုံစရာမလိုပါဘူး။ အခု အကြောင်းအရာလည်းအပါအဝင်ပေါ့။

ဒါပေမယ့် တစ်ခုတော့စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ကကို အဲ့ဒီသံဘူးတွေဟာ စတိုးဆိုင်တွေ၊ စတိုခန်းတွေထဲမှာ ဘယ်လိုသိမ်းဆည်းခံထားရသလည်းဆိုတာကို မသိနိုင်တဲ့အတွက်ကြောင့်မို့လို့ အသုံးမပြုခင်မှာ သန့်ရှင်းရေး ပြုလုပ်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါဘဲ။ နောက်တစ်နည်းအနေနဲ့ ဆိုရင်တော့ တခြားပုလင်းထဲ (သို့) ခွက်တခုခုထဲကို တဆင့်ပြောင်းလဲပြီးမှ သောက်သုံးတာလည်းအကောင်းဆုံးဘဲ ဖြစ်ပါတော့တယ်။

Credit : မူရင်းရေးသားသူ