ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါဟူသော စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်
(၁) ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ ။
ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်။ ထမင်းအေးဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ ။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။
(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ ။ ဘယ်တော့မှ ခူးမစားပါနဲ့။
ကြွေသီးစားပါ ဆိုတာ မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး ။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် မင်းမစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။ မင်းကို ချစ်လို့ ခင်လို့ ကြည်ည်ိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေ ပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။ ခူးမစားပါနဲ့ဆိုတာ မင်က ကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီိး ကူညီတာ ခူးစားတာပဲ။ မင်း ဘယ်တော့မှ ခူးမစားပါလေနဲ့။
(၃) တတိယစကားကတော့ - ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် ။ ဒီလိုပါပဲ၊ မင်းလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်း ပြန်ရင် မင်း ခြေရာကျန်ခဲ့ပါစေ။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ်။
Credit : (ဘဝဂုဏ်ရည်)အရှင်ကုသလ USA