Skip to main content

မိန်းမကြီး မရှိခိုက် မိန်မငယ်ဖြင့် ပေါင်းသင်းနေသူအား တစ်လင် တစ်မယား ဥပဒေဖြင့် ဖမ်းဆီး

မိန်းမကြီး မရှိခိုက် မိန်မငယ်ဖြင့် ပေါင်းသင်းနေသူအား တစ်လင် တစ်မယား ဥပဒေဖြင့် ဖမ်းဆီး

23.10.2019 ရက်နေ့ ည ၈:၀၀ နာရီအချိန်ခန့်က ထီးချိုင့်မြို့နယ် ဖုန်ကုန်းလေးကျေးရွာတွင် မိန်းမကြီးမရှိခိုက် မိန်းမငယ်ကို အိမ်ခေါ်၍ ပေါင်းသင်းနေသူအား ရပ်ရွာနေပြည်သူများ မှ ဝိုင်းဝန်းဖမ်းဆီး၍ မြတောင်ကျေးရွာရှိ နယ်မြေခံရဲကင်းစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည် ။

လက်ရှိပေါင်းသင်းနေသည့်မိန်းမငယ်မှာ မုံရွာဘက်က ဟု ထွက်ဆိုထားပြီး ၄င်းတွင်တရာဝင် ပေါင်းသင်းနေသည့် အမျိုးသား (လင်ကြီး) ရှိကြောင်း၊

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်၍ မိန်းမကြီး မရှိစဉ် မိန်းမငယ်ဖြင့် ပေါင်းသင်းနေသည့်
ဖုန်ကုန်းလေးကျေားရွာနေ ဦးမောင်မြင့် အသက် ၅၃ နှစ်နှင့် ပြစ်မှုတွင်ပါဝင်သော အမျိုးသမီးတို့အား ကျေးရွာရှိ ရပ်မိ ရပ်ဖများ ဦးဆောင်ဖမ်းဆီးကာ တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့် အရေးယူပေးပါရန် နယ်မြေခံ ရဲကင်းသို့ အပ်နှံထားကြောင်း ကနဦးသတင်း သိရသည် ။

မြင့်လွင်
#Zin Moe