Skip to main content

ပြင်ဦးလွင်မှ မန္တလေးဘက်သို့ အဆင်းလမ်း မိုင်တိုင်၂၅ အနီးမှာ ရှိသော သဲကွင်းသည် အလှဓာတ်ပုံရိုက်ရန် နေရာမဟုတ်ပါ

ပြင်ဦးလွင်မှ မန္တလေးဘက်သို့ အဆင်းလမ်း မိုင်တိုင်၂၅ အနီးမှာ ရှိသော သဲကွင်းသည် အလှဓာတ်ပုံရိုက်ရန် နေရာမဟုတ်ပါ

ပြင်ဦးလွင်မှ မန္တလေးဘက်သို့ အဆင်းလမ်း ပြင်စာရွာ အကျော် မိုင်တိုင်၂၅ အနီးမှာ OHC က ဆောင်ရွက်ပေးထားသည့် အရှိန်ထိန်း သဲကွင်းရှိပါတယ်။

အဆင်းကုန်တင်ကားကြီးတွေ ဘရိတ်ပေါက်ရင်အဆိုပါ သဲကွင်းထဲ အန္တရာယ်ကင်းစွာ ထိုးဆင်းနိုင်စေဖို့ ငွေကုန်ကြေးကျခံကာ တည်ဆောက်ပေးထားခြင်း ဖြစ်ပါတယ်။



ပြီးခဲ့သည့်လက ကုန်တင်တွဲကားတစ်စီး ဘရိတ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့လို့ အဆိုပါ သဲကွင်းထဲ အန္တရာယ်ကင်းစွာ ထိုးဆင်းနိုင်ခဲ့၍ လူရောကားပါထိခိုက်ပျက်စီးမှု မရှိ အဆင်ပြေခဲ့တာ တွေ့ခဲ့ရပါတယ်။

ယခုရက်ပိုင်းအတွင်း ဓာတ်ပုံရိုက် ဝါသနာပါသည့် လူငယ် လူရွယ်များ အဆိုပါ သဲကွင်းထဲ ဝင်ရောက်၍ ၎င်း သဲကွင်းထိပ် နေရာ၌ ဆိုင်ကယ်များရပ်တန့်၍ ဓာတ်ပုံရိုက်ကူးမှု ရှုခင်းထိုင်ကြည့်မှု များလာသည်ကိုညတွေ့ရှိနေရပါသည်။

ဓာတ်ပုံရိုက်သူများသည် အရှိန်ထိန်း သဲကွင်းမှန်း မသိရှိ၍ ဇိမ်ပြေနပြေ ဓာတ်ပုံရိုက်ကြတာ ဖြစ်နိုင်သလို သတိပေး ဆိုင်းဘုတ်များ ထောင်မထား၍လည်း အန္တရာယ်ရှိမှန်း မသိရှိခြင်း ဖြစ်နိုင်ပါတယ်။ အန္တရာယ်ဇုန်နေရာ ဖြစ်ပါတယ်။

ဒီနေရာကို အချိန်မရွေး ဘရိတ်ပေါက်သည့် ကားကြီးတွေ ထိုးဆင်းလာနိုင်ပါတယ်။ ထို့အတွက် သတိပေး ဆိုင်းဘုတ်တွေ အမှတ်အသား‌တွေ အန္တရာယ်ရှိကြောင်း အသိပေးစာတွေ ဆောင်ရွက်ပေးထား သင့်ပါပြီ။



အကယ်၍များ ကားကြီး ဘရိတ်ပေါက်လို့ ထိုးဆင်းချိန်နဲ့ ဓာတ်ပုံရိုက်သူတွေ ရှိနေချိန် တိုက်ဆိုင်ခဲ့လျှင် ထိခိုက်မှုတွေ အချိန်မရွေး ဖြစ်တတ်တာကို ကြိုတင်စဉ်းစားထားဖို့ လိုပါမယ်။ ကားသမားကတော့ သူ့ကား ဘရိတ်ချို့ယွင်းလျှင် သဲကွင်းထဲ ထိုးဆင်းနိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေမှာ မတော်တဆဖြစ်ခဲ့ရင် ကားသမားတွေ အတွက် ဥပဒေအရ အမှန် သဲကွင်း (အနီရောင်ဇုန်) ထဲ ဓာတ်ပုံဆင်းရိုက်သူက အမှားဖြစ်သွားမယ်လို့ ထင်မြင်မိပါတယ်။

ယခု post တင်ပေးခြင်းသည် မဖြစ်ခင် ကြိုတင်ကာကွယ်လိုသည့် သဘောဖြင့် တင်ပေးခြင်း ဖြစ်ပါသည်။ ကားသမားတွေအတွက် အကာအကွယ်တစ်ခု ဖြစ်စေခြင်သည့် သဘော ဖြစ်ပါသည်။ ဘေးကင်းစေဖို့ ရည်ရွယ်ခြင်း ဖြစ်သကဲ့သို့ ယာဉ်မောင်းများ ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။

Credit : Konay Konay