Skip to main content

အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ အမျိုးသားအား Express ကားမှ ဝင်တိုက်မိ၍ သေဆုံး၊ လမ်းဖြတ်ကူးသူအား အမှုဖွင့် အရေးယူ

အမြန်လမ်းတွင် လမ်းဖြတ်ကူးသူ အမျိုးသားအား Express ကားမှ ဝင်တိုက်မိ၍ သေဆုံး၊ လမ်းဖြတ်ကူးသူအား အမှုဖွင့် အရေးယူ

အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၀၀၂၀)နာရီအချိန်ခန့် ရန်ကုန်-နေပြည်တော်လမ်းမိုင်တိုင်အမှတ်၊ ၁၉၈/၅ -၁၉၈/၆ ကြား ‌တွင် ယာဉ်မောင်း ကိုရန်မျိုအောင် (၃၈) နှစ် ချောက်မြို့နေသူ မောင်းနှင်ပြီး ခရီးသည် ကျား ၁၃ဦး၊ မ ၇ဦး၊ ပေါင်း ၂၀ဦး၊ လိုက်ပါ စီးနင်းလာသော 1G/---အောင်ဇေယျခရီးသည်တင် မော်တော်ယာဉ်မှ လမ်းဖြတ်ကူးလာသည့် အမည်မသိ(စုံစမ်းဆဲ) အသက် ၃၅နှစ်ခန့် အမျိုးသားတစ်ဦးအား တိုက်မိရာ

အမည်မသိ အမျိုးသားတွင် ဦးခေါင်းခွံကွဲ၊ ဝဲလက်ဖျံပွန်း၊ ယာပါးပွန်းပြဲ၊ နှာခေါင်း သွေးထွက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်အရပ်တွင် သေဆုံးသွားသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ ပလွးစခန်းမှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အမြန်လမ်းမကြီး‌ပေါ် တက်ရောက်ခွင့်မရှိဘဲ ပေါ့လျော့စွာ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားအား ဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ အပ်ပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး