Skip to main content

ရေသန့်ဘူး အဖုံးကို Express ကားနဲ့ နောက်ပြန် ပွတ်တိုက်ပြီး ဖွင့်ပြလိုက်တဲ့ တောင်ကြီးမြို့က ကားဆရာ (ရုပ်သံ)

ရေသန့်ဘူး အဖုံးကို Express ကားနဲ့ နောက်ပြန် ပွတ်တိုက်ပြီး ဖွင့်ပြလိုက်တဲ့ တောင်ကြီးမြို့က ကားဆရာ (ရုပ်သံ)

ပရိသတ်ကြီးရေ မီးခြစ်ကို ကားဘီးနဲ့ ဖိပြီး ခြစ်ပြတာတို့ ဘတ်ဟိုးကားကြီးတွေနဲ့ အပ်ချည်ထိုးပြတာတို့ဇွန်းထဲရေထည့်ပြီး သယ်ပြတာတို့ ….ခြေထောက်နဲ့ ကန်ပြီး ရေသန့်ဘူးအဖုံး ဖွင့်ပြတာတို့ စတဲ့ Challenge ဗီဒီယိုလေးတွေကို အင်တာနက်ပေါ်မှာ ကြည့်ဖူးကြမှာပါနော်။

ကျွမ်းကျင်ပိုင်နိုင်မှု ရှိမှသာ လုပ်နိုင်တဲ့ အဲဒီလို Challenge လေးတွေကို တစ်ကမ္ဘာလုံးက စိတ်ပါဝင်စားတဲ့ သူတွေက လိုက်လုပ်ကြတာဖြစ်သလို သူတို့ရဲ့ စွမ်းရည်တွေကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းတာပါ။

အဲဒီလို နိုင်ငံတကာမှာ လုပ်နေကြတဲ့ Challenge လေးတွေကို လိုက်လုပ်ပြတဲ့ မြန်မာတွေလည်း ရှိပါတယ်… ခုတစ်ခါကတော့ တကယ့်ကို အံ့အားသင့်ဖွယ် ကျွမ်းကျင်မှုတစ်ခုကို မြန်မာကားမောင်းဆရာတစ်ဦးက လုပ်ပြခဲ့ပါတယ်… ဒါကတော့ တောင်ကြီးက ကားဆရာတစ်ဦးဖြစ်တဲ့ ကိုနေလင်းအောင် ဟာ Famous Express ကားနဲ့ နောက်ပြန်မောင်းပြီး ရေသန့်ဘူးအဖုံးကို ဖွင့်ပြခဲ့တာပါပဲ….

ဒီလို ဖွင့်ပြခဲ့တဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတာ ဖြစ်ပြီးတော့ ကားဆရာရဲ့ ကျွမ်းကျင်မှုဟာလည်း တကယ့်ကို အံ့အားသင့်လေးစားစရာပါ ကဲ ပရိသတ်ကြီးရေ မြန်မာတွေကလည်း နိုင်ငံတကာနဲ့ ယှဉ်ပြီးလုပ်နိုင်ကြပါတယ်နော် ကားဆရာရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုလေးကို အောက်ကဗီဒီယိုလေးထဲမှာ ကြည့်ကြည့်ပါနော်။

Credit : HW (Shwe Yaung Lan)

ဗိဒီယိုကို အောက်မှာနှိပ်ကြည့်ပါ။