အမြန်လမ်း မိုင်တိုင် ၂၁/၁ - ၂၁/၂ တွင် ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပြီး ရှင်းလင်းနေစဉ် နောက်ထပ် ယာဉ် ၃ စီး ဆင့်တိုက်မှု ထပ်ဖြစ်ပွား

နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၀၆၃၀) နာရီအချိန် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင်အမှတ်၂၁/၁ -၂၁/၂ ကြားတွင် ယာဉ်မောင်း ကိုသက်နိုင်ထွန်း (၂၇)နှစ် ရွာမအနောက်ရပ်ကွက် အင်းစိန်မြို့ နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 4I/---- Subaru Pickup အမျိုးအစား အဖြူရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းဘေးမြေသားလမ်းပေါ်ရှိ guard rails တန်းအား ဝင်ရောက်တိုက်မိပြီး တစ်ပတ်လိမ့်ကာ လဲကျရပ်တန့် သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းပါ ကျား(၅) ဦးတွင် ကျား(၄)ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်း တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးနေစဉ် ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် လမ်းပိတ်၍ ရပ်တန့်စောင့်ဆိုင်းနေသည့် လားရာတူ Express ယာဉ် ၃စီးဆင့်တိုက်မှု ထပ်ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးအောင်ဇော်မိုး အသက်(၄၀) နှစ် ရပ်စောက်မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်- YGN 6D/----King Long အမျိုးအစား အပြာရောင် တောင်ကြီး-ရန်ကုန် ရွှေကမ္ဘာ Express ယာဉ်နှင့် ယာဉ်မောင်းဦးလှသိန်း အသက်(၄၅) နှစ်ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6Q/----YUTONG အမျိုးအစား အဝါရောင် ဗန်းမော်-ရန်ကုန် Hight Class Express အပါအဝင် ယာဉ်(၂) စီးသည် မိုင်တိုင်-၂၁/၁- ၂၁/၂ ကြားအမြန်လမ်းမပေါ်တွင် ယာဉ်ငယ်တစ်စီး ယာဉ်မတော်တဆမှု ဖြစ်စဉ် ရှင်းလင်းဆောင်ရွက်နေ၍ ခေတ္တ ရပ်တန့်စောင့်ဆိုင်းနေစဉ် လားရာတူ နောက်မှ ယာဉ်မောင်း ကိုဇော်မင်းလှိုင်အသက်(၃၃) နှစ် မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်- YGN-9E/----King Long အမျိုးအစား ခဲဝါရောင်တောင်ကြီး-ရန်ကုန် ဝေဖြိုးအောင် Express ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ နောက်မှဝင်ရောက်တိုက်မိသဖြင့် Express ယာဉ်(၃) စီး ဆင့်တိုက်မှု ထပ်မံ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ယာဉ် (၃)စီး ဆင့်တိုက်မှုဖြစ်စဉ်ကြောင့် ရွှေကမ္ဘာယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား(၁၇)ဦး မ(၁၂)ဦး ပေါင်း(၂၉)ဦး
Hight Class ယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိ ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား(၂၇)ဦး မ(၁၂) ဦး ပေါင်း(၃၉) ဦးနှင့် ဝေဖြိုးအောင်ယာဉ်လိုင်း ခရီးသည်တင် Express ယာဉ်ပေါ်တွင်ပါရှိ ယာဉ်မောင်း/ယာဉ်နောက်လိုက်ပါ ကျား (၂၂)ဦး မ(၁၈) ဦး ပေါင်း(၄၀)ဦး တို့တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဖော်ပြအပ်ပါ သည်။

သတင်းဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး