Skip to main content

မန္တလေး-ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၂၉၆-၄-၂၉၆/၅) အကြား ယာဉ်မတော်တဆမှုဖြစ်

မန္တလေး-ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၂၉၆-၄-၂၉၆/၅) အကြား ယာဉ်မတော်တဆမှုဖြစ်

နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် (၀၄:၁၅) အချိန် မန္တလေး-ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၂၉၆-၄-၂၉၆/၅) အကြား သမင်ပျိုတံတားမြောက်ဘက်ထိပ်တွင် ယာဉ်မောင်း ကိုဝေယံဟိန်းထက်၊ အသက်(၂၁) နှစ်၊ ထန်းတပင်မြို့နေသူ မောင်းနှင်လာသည့် 5K/----HYUNDIA PORTER PICKUP ယာဉ်မှာ ယာဉ်၏ ညာဘက်ရှေ့ဘီးပေါက်၍ တံတားထိပ် လက်ရမ်းတိုင်များအား ပွတ်တိုက်မိကာ လမ်းမအလယ်၌ ရပ်တန့်သွားခဲ့ပါသည်။



ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၄)ဦးအနက် ကျား (၂)ဦး မ(၁)ဦး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သီးကုန်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြုအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။







အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး