Skip to main content

ပိုက်ဆံ အကြွေး ရစရာရှိသူများ ပြန်တောင်းစရာ မလိုပဲ အမြန်ဆုံး ပြန်‌လာပေးစေမည့် ယတြာ

ပိုက်ဆံ အကြွေး ရစရာရှိသူများ ပြန်တောင်းစရာ မလိုပဲ အမြန်ဆုံး ပြန်‌လာပေးစေမည့် ယတြာ

မိမိပိုက်ဆံ မိမိပြန်မရ၍ စိတ်ညစ်နေသူများ၊ ပိုက်ဆံချေးပြီး ပြန်လာမဆပ် နေ့ရွှေ့ ညရွှေ့ လုပ်နေသူများ၊ အကြွေးလည်းမဆပ် မိမိကို ရှောင်တိမ်းနေသူများ အမြန်ဆုံး အကြွေးလာပေးရန် ဤယတြာကို လုပ်ဆောင်ပါ။



စာရွက် တစ်ရွက်တွင် ပိုက်ဆံ အကြွေး လာမဆပ် သူများ နာမည် များကို ရေးလိုက်ပါ။ ထိုစာရွက်ပေါ်တွင် ကြွေ ပန်းကန်ပြား တစ်ချပ် တင်လိုက်ပါ။ ကြွေပန်းကန်ပြားတွင် နို့ဆီဘူး အသစ် တစ်လုံး ထောင်လျက် အနေအထားဖြင့် တင်ပါ။

နို့ဆီဘူးပတ်လည်တွင် လက်ဖက်အစို အနည်းငယ် စီဝိုက်၍ ထည့်ထားပေးပါ။

ပြီးလျှင် နို့ဆီဘူး ပေါ်ဖယောင်းတိုင် တစ်တိုင်စီ စိုက်၍ (၃) ရက် တိတိ ဘုရားစင်တွင် ထွန်းညှိ၍ လိုရာ ဆု တောင်း ပါ။

သပြေညွန့်(၁၁)ညွန့် (သို့) ဒန့်ဒလွန်ညွန့်(၁၁)ညွန့် ဖြစ်စေ ဘုရားစင်တွင် ကပ် လှူ ပူဇော်ရမည်။

မိမိချေးလိုက်သော ပိုက်ဆံအကြွေးများ အမြန်ဆုံးပြန်ရစေလိုသော ဆန္ဒကြောင့် ဤယတြာ အစီရင်ကို (၇) ရက်သားသမီးများ အားလုံး အဆင်ပြေကြစေရန် အတွက်ရေးသား တင်ပြပေးလိုက်ရပါတယ်။

Credit : မူရင်းရေးသားသောဆရာ