အိမ်စီးကားငယ် တစ်စီး အရှိန်များ၍ လမ်းဘေး ချောက်အတွင်း ထိုးကျ တစ်ဦးသေဆုံး
15.2.2020 (4pm) ညနေပိုင်းက မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားငယ်တစ်စီးသည် ကွတ်ခိုင် ရှုခင်းသာ မိုင်တိုင် ၂၆၆ အနီး အရောက်တွင် အရှိန်များ၍ လမ်းဘေးချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

၎င်းယာဉ်မတော်တဆ ဖြစ်စဉ်ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့ဝင်များ လူမူကူညီရေးအသင်းများ' ယာဉ်ထိန်းနှင့်ရဲတပ်ဖွဲ့ဝင်များ' လမ်းသွားလမ်းလာပြည်သူများ စုပေါင်း၍ ချောက်အတွင်းမှ ခက်ခဲစွာ ဆွဲတင်ကူညီ၍ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ယခုရက်ပိုင်း ပြည်ထောင်စုလမ်းတလျှောက် ကားများသွားလာမှု နည်းပါးသည့်အတွက် လမ်းရှင်းသဖြင့် အချို့ ကားငယ်လေးများ အရှိန်ပြင်းစွာမောင်းနှင်လျက်ရှိသည်ကို မကြာခဏတွေ့နေရသည်။

သို့ဖြစ်ပါ၍လမ်းကြောင်းတလျှောက်သွားလာသည့် ယာဉ်များအနေဖြင့် သတိပြုကာ မိမိနိုင်နင်းသည့်အရှိန် များဖြင့်သာသွားလာကြပါရန် အသိပေး တိုက်တွန်းပါသည်။
Photo- Bhome Txet Kyaw
Konay Konay