Skip to main content

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခှနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၄ ရက်နေ့အထိ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် စရန် ရည်ရွယ်ပြီးမှ အနှောက်အယှက်အတားအဆီးကြောင့် မူလအလုပ်ပဲ ဆက်လက် ကြိုးစား နေရမည်။ မိသားစု၏ အိမ်တွင်းစီးပွားရေးများ ပုံမှန်ဝင်ငွေ လျော့နည်းနေမည်။ ဂုဏ်သိက္ခာသာရှိ၍ ငွေမရှိတဲ့ကာလ ပါပဲ။ ခရီးတစ်ခု သွားရန် ပြင်ဆင်ပြီးမှ ပျက်တတ်သည်။ စက်ပစ္စည်းများ ပြင်ရန် ငွေကုန်များတတ်သည်။ တပည့်အချို့အတွက် မိမိကတာဝန်ခံပေးရမည်။ သားသမီးတို့၏ ပညာရေးအတွက် ကျေနပ် အားရနေရမည်။ စာမေးပွဲဖြေနေရတဲ့သားသမီးတွေကို ဖိအားသိပ်မပေးပါနဲ့။ဝန်ထမ်းများလုပ်ဖော်ကိုင်ဖက်များ၏ ကူညီမှုကို ရရှိမည်။ အထက်လူကြီးအသစ်များ ရောက်ရှိလာမည်။ ရာထူးတူတစ်ဦးကမိမိထက်ကျော်လွန်ပြီး ရာထူးတတ်သွားသဖြင့် စိတ်ထိခိုက် ခံစားရမှု ကြုံလိမ့်မည်။အချစ်ရေးတွင် နှစ်ဖက် မိဘကိုမိမိတို့အချစ်ရေးအခြေအနေကိုပြောပြသင့်တဲ့ကာလပါ။ဒါမှပဲ မကြာမီပင် ကိုယ့်မိဘအိမ်၊ သူ့မိဘအိမ်သို့ အဝင်အထွက် ရှိလာမည်။ ကျန်းမာရေးတွင် ခြေထောက်၊ လက်များလေးလံခြင်းများအထိုင်အထမကောင်း ခြင်းများကြုံရတတ်ပါတယ်။ အိမ်ထောင်ဘက်နှင့်စကားများမိ၍ စိတ်သောကရောက်ရတတ်သည်။ အိမ်ထောင်ရေးတွင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် လျှာနှင့် သွားပမာ ဖြစ်နေမည်။ ပညာရေးနဲ့ပက်သက်ပြီးတော့အထူးကောင်းပါတယ်။ မိမိကိုယ်တိုင်နည်းလမ်းထုတ်ကြိုးစားပါ။

အကျိုးပေးဂဏန်း - ၁/၂/၅

အထူးဟော - ကံအကောင်းအဆိုးမျှနေတတ်ပါတယ်။

ယတြာ - ဖီးကြမ်းငှက်ပျောသီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

တနင်္လာသားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် ခရီးဝေးထွက်၍ အလုပ်လုပ်ရတတ်သည်။ သို့မဟုတ် ဝန်ထမ်းများနယ်မှယာယီ တာဝန်ထမ်းဆောင်ရတတ်သည်။အလုပ်တော်တော်များများ အများနှင့်တွဲ၍ လုပ်ရမည်။ နိုင်ငံရပ်ခြား (သို့မဟုတ်) နယ်ဝေးမှ သူများနှင့် ဆက်သွယ်လုပ်ဖြစ်မည်။ အကျိုးဆောင်လုပ်ငန်းများ ပြုလုပ်ရာမှလည်း ငွေရမည်။ ဆွေမျိူးသားချင်းတစ်ဦး ကို အလုပ်ပေးဖြစ်မည်။ ဒီကာလမှာကြွေးမြီးတင်နိုင်သည်။ ဂုဏ်သိက္ခာကျဆင်းစရာများလဲပေါ်လာတတ်ပါတယ်။ အထက် လူကြီးက အလွန်ဩဇာအာဏာပြနေမည်။ ကျန်းမာရေးတွင် ဗိုက်အောင့်၊ လေနာ၊ အစာမကြေ ဖြစ်တတ်သည်။ အမျိုးသမီးများ သွေးဆင်းများ၍ အမျိုးသားများ လိပ်ခေါင်းရောဂါဖြစ်လျှင် သတိထားသင့်သော ကာလဖြစ်သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ကျန်းမာရေးညံ့နေမည်။ ရန်ပြဿနာ တစ်စုံတစ်ရာလည်း ကြုံနိုင်သည်။ လွန်ဆန်ရခက်သော အိမ်ထောင် ရေးကာလပင်ဖြစ်သည်။ ပညာရေးတွင် ဆက်သွယ်ရေး၊ ကွန်ပျူတာစသော ပညာရပ်များကို လျင်မြန်စွာ သင်ယူဖြစ်မည်။ မိတ်ဆွေများ၏ ကူညီမှုကို ရမည်။ ပညာသင်ကြားမှုအတွက် အထောက်အကူပြုပစ္စည်း များလည်း ရလိမ့်မည်။ အချစ်ရေးတွင် စလိုက်၊ နောက်လိုက်ဖြင့် ဘဝတူများ၏ ရင်းနှီးချစ်ခင်မှုများကို ရလိမ့်မည်။ အတူသွား၊ အတူစားနှင့် ပျော်ရွှင်ဖွယ်ရာ အချစ်များ ရရှိလာမည်။

အကျိုးပေးဂဏန်း - ၉/၃/၆

အထူးဟော - အကျဉ်းအကြပ်က ရုန်းထွက်နိုင်သူဆိုအထူးအဆင်ပြေမယ့်ကာလပါပဲ။

ယတြာ - သစ္စာပန်းလေးတွေဘုရားမှာဝေနေအောင် လှူပေးပါ။

အင်္ဂါသားသမီးများ

ဒီကာလမှာစီးပွားရေးတွင် မြန်မြန်အမြတ်ရသော အလုပ်များရရှိလာမည်။ ဆက်သွယ်ရေး အကျိုးဆောင်စပ်တူ ရှယ်ယာများ ဝင်ငွေရလာမည်။ အပြောကောင်းမှု၊ဖင်ပေါ့မှုကြောင့် နေရာပေးခြင်းခံရတတ်ပါတယ်။ ဆရာများ၏ ချီးမြှောက်မှု များကြောင့် လုပ်ငန်းများ တွင်ကျယ်လာမည်။ ဝင်ငွေကောင်းသော အချိန်ဖြစ်၍ ရိုးသားစွာ ကြိုးစားလုပ်ကိုင်သင့်သည်။ အိမ်ထောင်ရေးတွင် မိသားစုစားသောက်ဝိုင်း စိုပြေနေမည်။ ခရီးသွားနေသူများ ပြန်ရောက်လာမည်။လိမ်လည်လှည့်ဖျားခြင်း များလုံး၀မလုပ်ပါနဲ့၊ အိမ်ထောင်ဖက်၏ အလိုက်သိမှုကို တွေ့ရှိရမည်။ သာယာသော အိမ်ထောင်ရေး ဖြစ်သည်။ အချစ်ရေးတွင် စိတ်ကောက်နေသော ချစ်သူပြုံးရွှင် လာမည်။ ဂုဏ်သိက္ခာရှိစွာဖြင့် လေးလေးနက်နက် တန်ဖိုးရှိ သော အချစ်ကို ရရှိမည်။ ချစ်သူနဲ့အပျော်ခရီးထွက်ရတတ်သည်။ အချစ်မရှိသေးသူများ ခရီးသွားရင်း အချစ်စစ်နှင့် တွေ့ရတတ်သည်။ ကျန်းမာရေးတွင် သစ်တော၊ သစ်ပင်ကြီးများ ရှိရာသို့ သွားရာမှ အပြန် ရောဂါရတတ်သည်။တောထဲခရီးများနှင့်တောင်တတ်ခရီးများရှောင်ပါ။ ခြေဆစ်၊ လက်ဆစ်များ အေးခဲ ကိုက်ခဲမည်။ ပညာရေးတွင် အဆင့်မြင့်ပညာရပ်များကို သင်ကြား ခွင့်ရမည်။ ရပ်ထားသော ပညာများ တစ်ဖန်ပြန်၍ သင်ယူဖြစ်မည်။ လုပ်ငန်းခွင်များ တိုက်ရိုက်အသုံးတည့်သော ပညာများစွာ ရရှိလိမ့်မည်။

အကျိုးပေးဂဏန်း - ၃/၄/၀

အထူးဟော - ရိုးသားပြီး စိတ်ထားဖြူသူများအဆင်ပြေမည်။

ယတြာ - နွားနို့ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု သားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် မြန်မြန်ရောင်း၊ မြန်မြန်ဝယ် စသဖြင့် လျင်မြန်သော အလုပ်များကို လုပ်ဖြစ်မည်။ စပ်တူရှယ်ယာများ အကျိုးမပေးသေးချေ။ သတင်းကောင်းများနှင့် ချီးကျူးသံများကို နားထောင်နေရင်း ပျော်ရွှင်သာယာသော အချိန်ကာလကိုဖြတ်သန်းနေရမည်။ လုပ်ငန်းများ ပြောင်းရွှေ့ရန် စီစဉ်ရင်းမှ မူလအလုပ်ကို ပြန်လုပ်ဖြစ်မည်။ နောက်ပိုင်းတွင် လုပ်ငန်းများ ကို ကြော်ငြာအား၊ ဆက်သွယ်ရေးများ ကောင်းမှုကြောင့် ငွေများစွာရလိမ့်မည်။ ဝန်ထမ်းများအလုပ်တွေပိနေ တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အလုပ်တွေကို ဝိုင်းကူနေရတတ်ပါတယ်။အချစ်ရေးတွင် နွေးထွေး၍ သွေးအေးနေ သော အချစ်ဖြစ်သည်။ လိုတာမရ၊ ရတာမလို အထီးကျန်နေမည်။ မြင်မြင်ချင်းချစ်မိသူ ကြံရွယ်ဖို့စုံစမ်းရာမှ ပိုင်ရှိင်ရှိသူဖြစ် နေမည်။ ကျန်းမာရေးတွင် ရင်ဘက်အောင့် တတ်သည်။ ရေချိုးမှားမည်။ သို့မဟုတ် လည်ချောင်းနာတတ်သည်။ အိမ်ထောင် ရေးတွင် အိမ်ထောင်ဖက်နှင့် လုပ်ငန်းများတိုင်ပင် လုပ်ဖြစ်မည်။ မယ်တစ်ထမ်း၊ မောင်တစ်ရွက်၊ ဒိုးတူပေါင်ဖက် လုပ်ကိုင် နေဖြစ်မည်။ ပညာရေးတွင် သင်တန်းပြောင်း၊ နေရာပြောင်းရွှေ့ပြီး ပညာသင်ကြားရမည်။ နှုတ်အပြောဆိုင်ရာ ဘာသာရပ်နှင့် marketing ပညာများသင်ယူဖြစ်ပါလိမ့်မယ်။ တွက်စာပိုင်းဖြစ်တဲ့ သင်္ချာညံ့နိုင်သည်။

အကျိုးပေးဂဏန်း - ၁/၄/၅

အထူးဟော - စိတ်ပင်ပန်း လူပင်ပန်းနေရတတ်ပါတယ်။

ယတြာ - ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေးသားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် အောင်မြင်သော အချိန်ဖြစ်သည်။ လူကြီးများ၏ ချီးမြှောက်မှု၊ အများပြည်သူ၏ အား ပေးမှုကို ခံရမည်။ စာချုပ်၊ စာတမ်း လက်မှတ်ထိုး၊ အာမခံပေးမှုကြောင့် ငွေများစွာဝင်မည်။ ဆက်သွယ်ရေး ကောင်းမွန်သည်။ စက်ပစ္စည်းနှင့် အိမ်၊ ခြံမြေ၊ ဆောက်လုပ်ရေးလုပ်ငန်းများ မကြာမီကောင်းကျိုးပေးတော့မည်။ ခရီးကိစ္စအောင်မြင်မည်။ လူမှုရေးကိစ္စတွင် အခက်အခဲ အချို့ ကြုံနိုင်ပါတယ်။ မိမိလှူချင်တဲ့အလှူအတန်းတွေကိုလဲ ဒီကာလမှာလှူခွင့်တန်းခွင့်ရလာ တတ်ပါတယ်။လူငယ်များကျောင်းတော်ကရန်စတွေပြန်ပေါ်ပြီး ရန်ပြဿနာ အနည်းငယ် ကြုံနိုင်ပါတယ်။ အချစ်ရေးတွင် အားနည်းသော အချစ်ရေးဖြစ်သည်။ ချစ်သူရှိနေသူများ စကားများ၍ ကွဲကွာရတတ်သည်။ ဆွေမျိုးနှင့် ကိုယ့်အောက် ငယ်သူများ အချစ်ရေးတွင် ကြားဝင်လာ၍ ရှုပ်သွားလိမ့်မည်။ ကျန်းမာရေးတွင်အညံ့အဆိုးတွေ လျော့သွားနိုင်ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။အိမ်ထောင်ရေးတွင် တည်ကြည်ငြိမ်သက် အေးအေးဆေးဆေး ဖြစ်နေ မည်။ အလုပ်ကိုယ်စီဖြင့် ပုံမှန်အတိုင်းဖြစ်နေမည်။ သာယာသော အိမ်ထောင်ရေးပင်ဖြစ်ပါတယ်။ ပညာရေးတွင် ဆရာကောင်း များနှင့် တွေ့ကြုံရမည်။ မိဘများ၏ ကူညီမှုကို အပြည့်အဝရရှိလိမ့်မည်။မိမိကိုယ်တိုင် ကြိုးစားဖို့ပဲလိုပါတော့တယ်။

အကျိုးပေးဂဏန်း - ၂/၅/၆

အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။

ယတြာ - ခြေသုတ်ခုံလေးတစ်ခု ရဟန်းတစ်ပါးကိုလှူလိုက်ပါ။

သောကြာသားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် လိမ္မာပါးနပ်မှုတွေကြောင့် ကောင်းကျိုးပေးမည်။ အလုပ်အကိုင်မှန်သမျှ အမြတ် အစွန်းရနေမည်။ လူချစ်လူခင်များနေတာကလဲ ဒီကာလအတွက် အဆင်ပြေဖို့အထောက်အပံ့ဖြစ်နေပါလိမ့်မယ်။ ရွှေ့ပြောင်း နိုင်သော ပစ္စည်းများ အရောင်းအဝယ်ဖြစ်မည်။ မိမိလိုချင်နေတဲ့ စက်ပစ္စည်း ဈေးနှုန်းချိုသာစွာဖြင့် ရရှိမည်။ အလုပ်သမား အသစ်များ ရရှိလာမည်။ ဝန်ထမ်းအလုပ်များ လျှောက်လျှင် အလွယ်တကူရရှိမည်။အပျော်ခရီးများ၊ဘုရားဖူးခရီးများလဲသွား ရတတ်ပါတယ်။နိုင်ငံရပ်ခြားနဲ့ချိတ်ဆက်သောအလုပ်များ ပိုမိုတိုးတတ်လာနိုင်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ကူညီမှုများစွာရရှိမည်။ သားသမီးနှင့် မြေးများအတွက် စိတ်ပူရတတ်သည်။ ၎င်းတို့အတွက် ငွေကုန်များမည်။ ပညာရေးတွင် စိတ်ပါဝင်စားမှု နည်းပါးနေမည်။ ပညာသင်ကြားမှု အထောက်အကူပြု ပစ္စည်းများ ဆုံးရှုံးနိုင်သည်။ စာအုပ်များ၊ စာရေးကိရိယာ များငှားရင် ဆုံးမည်။ အချစ်ရေးတွင် အချစ်ဟောင်း၏ ကျေးဇူးကို နားလည်အသိအမှတ်ပြုဖြစ်မည်။ အချစ်မရှိသေးသူများ အတွက် ချစ်သူသစ်ရှာရခက်နေမည်။ ကျန်းမာရေးတွင်အရမ်းကြီးညံ့နေတာမျိုး မတွေ့ရပါဘူး။လေထိုးလေအောက်တော့ဖြစ် ရတတ်ပါတယ်။ သူခိုးခိုခံရခြင်းနှင့် မီးလန့်ခြင်းမျိုးတော့ ဒီကာလမှာဖြစ်လွယ်ပါတယ်။

အကျိုးပေးဂဏန်း - ၃/၆/၀

အထူးဟော - စိတ်ပျော်ရွှင်စရာနှင့်ဗဟုသုတရစရာများကြုံမည်။

ယတြာ - နှင်းဆီ ၇ပွင့် ဘုရားကပ်လှူလိုက်ပါ။

စနေသားသမီးများ

ဒီကာလအတွင်းစီးပွားရေးတွင် အများကို အားကိုးနေရမည်။ အလုပ်အားလုံး တစ်ယောက်တည်း ဦးဆောင် လုပ်နေလို့ မရဘူးဆိုတာသိထားသင့်ပါတယ်။ရောင်းရန်ရှိသော ပစ္စည်းများ စုပုံနေမည်။ ရပ်ဝေးကအဆက်အသွယ်များလဲ ဆက်သွယ်ရ ခက် နေမည်။ ကြော်ငြာကိစ္စများအတွက် အခက်အခဲ ရှိနေမည်။ စပ်တူ လုပ်ငန်းများမှ အကျိုးအမြတ်ကောင်းစွာ ရရှိနေမည်။ စက်ပစ္စည်းနှင့် ဆန်၊ ဆီ၊ ဆား၊ ဆေးများ ရောင်းရသွက်လာမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်က အမြဲကပ်၍ တစ်ကျည်ကျည် လုပ်နေမည်။ သားသမီးများ၏ ကြီးမားသော တာဝန်များကို လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်၍ ညှိနှိုင်း နေရမည်။ အချစ်ရေးတွင် ငယ်ရွယ်သူတို့၏ လှပနုနယ်ချိုသာသော အချစ်ကိုမျှော်လင့်နေသော်လည်း ကြီးသူများ၏ အချစ်ကို ရုတ်တရက် လက်ခံရရှိတတ်သည်။ စကားပြောအဆင်မပြေသော်လည်း ကူညီစောင့်ရှောက်မှုကို သာယာနေမိမည်။ ကျန်းမာ ရေးတွင် အနည်းငယ်ဂရုစိုက်ရတတ်ပါတယ်။ အဆိုးကြီးမဟုတ်ပေမယ့် သွေးတိုးခြင်းများ၊ဆီးချို၊ သွေးချိုတတ်ခြင်း များဖြစ် တတ်ပါတယ်။ ပညာရေးတွင် ခက်ခဲသော ပညာရပ်များကို ဖြည်းဖြည်းချင်း သင်ယူနေဖြစ်မည်။ သို့မဟုတ် ပညာရေး ကို စိတ်မဝင်စားပဲ ဖြစ်မည်။ ဆရာကောင်းမတွေ့၊ ဆရာများနှင့် စိတ်တိုင်းမကျဖြစ်နေရမည်။ လေးစားချစ်ခင်ရသော ဆရာများ နယ်အဝေးသို့ ပြောင်းရွှေ့သွားလိမ့်မည်။

အကျိုးပေးဂဏန်း - ၁/၈/၇

အထူးဟော - ကံအင်အားနည်းနေသည်။

ယတြာ - အာလူးကြော် မိတ်ဆွေတွေကို ဝယ်ကျွေးလိုက်ပါ။

ခုနှစ်ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) (09775555695၊ 09445555695)