မီတာခ တစ်လတစ်လ ၈ သောင်း ၉ သောင်းကျော် ပေးရလို့ လာစစ်ဆေးခိုင်း လိုက်သောအခါ
မီတာခ တစ်လတစ်လ ၈ သောင်း ၉ သောင်းကျော်လောက်ကျတယ်။ မီတာခအများကြီးကျလို့ air con သုံးတာတွေလျော့ ရေခဲသေတ္တာ ညပိုင်းပဲဖွင့်သုံး မီးကို မလိုအပ်တာကို မသုံးပဲ ချွေတာနေလဲ ၈ သောင်းကျော်ဆောင်နေရလို့ မသင်္ကာတာနဲ့ ပြီးခဲ့တဲ့လကမီတာမဆောင်ခင် မီတာရုံးသွားပြီး တာဝန်ကျနေတဲ့အထက်လူကြီးကို ဝင်တိုင်လိုက်တယ်။ သူတို့က လာစစ်ဆေးပေးမယ်လို့ ပြောလိုက်တယ်။
ကိုယ့်ဘာသာ စစ်ရအောင်လည်း digital မီတာပုံးက ဓါတ်တိုင်ပေါ်မှာ နောက် ၃ ရက်လောက်ကြာတော့ စစ်ဆေးရေး ဝန်ထမ်းနဲ့ မီတာဖတ်တဲ့သူ ရောက်လာတယ်။

ဓါတ်တိုင်အောက်ရောက်တော့ ကိုယ့်မီတာစာရွက်ကcode no နဲ့ digital စက်နဲ့ ဓာတ်တိုင်အောက်ကလှမ်းဖတ်တယ်။ မီတာကို ဖတ်လိုက်တော့ ယူနစ် ၂၀၀ ကျော် ပိုကောက်ထားတာ တွေ့ရတယ်။
အဲ့ဒါနဲ့ဘာလို့ အဲ့လိုဖြစ်ရတာလည်း ဘာကြောင့်ဖြစ်တာလဲ ကျွန်မတို့ မသုံးပဲနဲ့ တစ်လတစ်လ ယူနစ်၂၀၀ ကျော်ဖိုး သက်သက်ဆောင်နေရတာလား။ အဲ့လိုဆောင်နေရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အထက်ကိုရောက်အောင် တိုင်မယ်လဲ ပြောလိုက်ရော

မီတာဖတ်တဲ့ ဝန်ထမ်းက ကျွန်တော်ယူနစ်ကို လာမဖတ်ပဲ မှန်းပြီးရေးလိုက်တာတဲ့။ မှန်းကောက်မိတာပါတဲ့။ အဲ့လိုလုပ်လို့ရလား နင်တို့မီတာရုံးက အဲ့လိုလုပ်စားနေတာလား နင်အဲ့လို မှန်းကောက်နေတာ ဘယ်လောက်ကြာပြီလည်း မေးတော့ ဘာမှပြန်မပြောဘူး။
ငါဘူမသိကိုးမသိနဲ့ အဲ့လိုဆောင်နေရတာဘယ်လောက် ကြာနေပြီလဲဆိုပြီး စိတ်တိုတိုနဲ့အော်ငေါက်လည်း ပြောလိုက်ရော ပါလာတဲ့လူကြီးက သူအဆင်ပြေအောင် လုပ်ပေးပါမယ်တဲ့။ ခုတော့ ၈ သောင်းကျော် ဆောင်ထားလိုက်ပါတဲ့။ နောက်လကျရင် ပိုကောက်ထားတဲ့ ယူနစ် ၂၀၀ ကျော်ကို ၁၂၅ ကျပ်နဲ့ ပြန်တွက်ပြီး လျော့ကောက်ပေးပါ့မယ်လို့ပြောတယ်။
မီတာရုံးက ဝန်ထမ်းတွေ တစ်လတစ်လ မီတာလိုက်မဖတ်ပဲ အဲ့လိုရမ်းကောက်နေကြတာလား။ ဒီလ မီတာစာရွက် ရောက်တော့ မီတာခက ၅၃၅ ကျပ်တဲ့ ၁ ယူနစ်ပဲ သုံးထားတယ်တဲ့။ ဝန်ဆောင်ခက ၅၀၀ ကျပ်တဲ့။

ငါတို့ တိုင်းပြည်ကြီးမှာ ဌာနဆိုင်ရာတွေက သူတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ သဘောလား။ တတ်လဲ တတ်နိုင်တဲ့ဟာတွေ။ နေပြည်တော်ထိ တက်တိုင်ချင်တာ ငွေကုန်လူပန်း အလုပ်တွေ ရှုပ်မှာစိုးလို့ စိတ်ကို လျော့လိုက်ရတယ်။
ဒီ post ကို တင်ချင်နေတာ။ ဒီလ မီတာစာရွက်ရောက်အောင် ၁ လနီးပါး သည်းခံစောင့်နေရလို့ ခုမှတင်ရတယ်။ အဲ့လို လိမ်စားချင်လို့ digital မီတာပုံးကို ဓာတ်တိုင်ပေါ် တင်ထားတာနေမယ်။ သတိသာထားပေတော့။
Ni Ni Khaing