ကျောက်မြောင်း တစ်ဝိုက်နားမှာ နေတဲ့ လူတွေကို တစ်ခုလောက် အကူအညီတောင်း ချင်လို့ပါ။
ကျောက်မြောင်းစတိုးနဲ့ KBZ Bank ရဲ့ လမ်းကြားထဲမှာ ဖရဲသီးရောင်းတဲ့ အဖွားနဲ့ တောင်းတဲ့ အဘွားက နေ့တိုင်းနီးပါး ရှိပါတယ်။ သူတို့ ၂ ယောက်လုံးက မရှိဘူးဆိုရင်တောင် အသက် ၈၀ တော့ ကျော်နေပါပီ။
ဖရဲသီးရောင်းတဲ့ အဘွားက သန်လျင်ကလာရောင်းတာပါ။ အဘွားမှာ မြေး ၅ ယောက်ရှိတယ်။ သမီးအိမ်မှာ ကပ်နေတာမို့လို့ ကိုယ့်ဘာသာ ရှာစားနေတာပါ။ သူက အဲ့မြေးလေးတွေကိုလည်း ရှာကျွေးနေတာဖြစ်ပါတယ် တခါတလေ သူ့မြေးလေး တစ်ယောက်လည်း လိုက်ကူ ရောင်းပေးပါတယ်။ ရောင်းတာ နှစ်တွေ အရမ်းကြာနေပါပီ။

အဲ့အဘွားက လူသာအိုတယ် တအားသန်တာ ဖျတ်လတ်နေတာပဲ။ တခါတလေ ထန်းသီးပေါချိန်ဆို ဖရဲသီးနဲ့ တွဲရောင်းတယ်။ အဲ့အဘွားက တစ်လုံးပီးမှ တစ်လုံး ခွဲရောင်းတာမို့ လတ်လည်း လတ်တယ် သန့်လည်း သန့်ပါတယ်။
တစ်စိတ်ကို ၅၀၀ ပါ။ အစိတ်ကလည်း ပုံထဲကလို အကြီးကြီးပါနော်။ ညီမကတော့ ကိုယ်မစားချင်လည်း အဘိုး အဘွားတွေတွေ့ရင် ရင်ထဲ မကောင်းလို့ ၅ ရာ ၁ ထောင်ဖိုးတော့ တွေ့တိုင်း အားပေးဖြစ်တယ်။

အဲ့အဖွားက အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။ သဘောလည်း အရမ်းကောင်း အလှလည်း ကြိုက်တယ် ကျောက်ကလစ်လေးနဲ့။ သူတို့က ခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပီး ဈေးရောင်းနေကြတာမို့ ဒီတိုင်းဆေးဖိုးဆိုပီး ပိုက်ဆံလည်း သွားမပေးရက်တော့ အဘိုးအဘွားတွေ တွေ့တာနဲ့ မလိုအပ်လည်း တတ်နိုင်သလောက်လေး ၀ယ်အားပေးစေချင်ပါတယ်။
ဘေးက အဖွားကတော့ ဖရဲသီးအဖွားထက် အသက်ကြီးတယ် သူက လမ်းတောင် သူများတွဲလျှောက်ရတာ ခါးအရမ်းကုန်းနေပီ ၈၅ နှစ်ကျော်လောက်ပီ သူ့ကို တွေ့ရင်လည်း ကျော်မသွားကြပါနဲ့နော်။ ကိုယ့်မှာရှိတဲ့ အကြွေ ၂၀၀ လောက်ဖြစ်ဖြစ် ၅၀၀ လောက်ဖြစ်ဖြစ် စွန့်ကြဲစေချင်ပါတယ်။

အဲ့နားက လူအ၀င်အထွက် အရမ်းများပီး အဘွားတွေကို ကျော်ခွပီး မမြင်ချင်ယောင်ဆောင် သွားကြတာ နေ့တိုင်းသနားစဖွယ် တွေ့နေရပါတယ်။
ညီမကတော့ အဖိုးအဖွားတွေ ကလေးတွေ မြင်ရင် မနေနိုင်လို့ ငယ်ငယ်ထဲက လမ်းသွားရင် အကြွေထုပ်လေး အမြဲဆောင်သွားတယ်။ လှူပြီးသွားတဲ့ထိ စိတ်မကောင်းဖြစ်ပီး သူတို့နားက မခွာနိုင်သေးဘူး။ ပိုက်ဆံရှိလာရင် အလုပ်ချင်ဆုံးက ဘိုးဘွားရိပ်သာတည်ထောင်ချင်တယ်။
KBZ Bank နားကို လာရင်ပဲဖြစ်ဖြစ် ကျောက်မြောင်းစတိုးကို လာရင်ပဲဖြစ်ဖြစ် အဲ့အဘွား နှစ်ယောက်ကို ဆေးဖိုး ဝါးခ လေး ကူညီဖို့ မေတ္တာရပ်ခံပါတယ်နော်။
Happy Valentine's day to u all.
May Thet Hnin