Skip to main content

ယာဉ်မောင်းလိုင်စင် “သ” “က” “ခ” “ဃ” “င” တို့ကို သက်တမ်း တိုးမယ်ဆိုရင် ကုန်ကျမည့်စရိတ်

သူငယ်ချင်းရေ မင်းကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင်ဟာ “သ” “က” “ခ” “ဂ” “ဃ” “င” “ဟ” “စ” ဘယ်ဟာပဲ ဖြစ်ဖြစ်ပေါ့။ အဲ့ဒီလိုင်စင် တစ်ခုခု သက်တမ်း တိုးမယ်ဆို ဘယ်လောက် ကုန်မလဲ သိလား။ တချို့က အများကြီး ကုန်တယ်လို့ ပြောပြောနေကြလို့ မင်းနဲ့အတူ အားလုံးသိအောင် ပြောပြမလို့ သူငယ်ချင်း။

ယာဉ်မောင်းလိုင်စင် တစ်ခုချင်းစီအတွက် သက်တမ်းတိုးလို့ ကုန်ကျမည့် ငွေကို ဒီလိုလေး နားရှင်းအောင် ပြောပြပါရစေ သူငယ်ချင်း။

“သ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၃၀၀၀ ကျပ်

အာမခံကြေး = ၂၅၀၀ ကျပ်

စုစုပေါင်း = ၅၅၀၀ ကျပ်

“က” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၁၇၅၀၀ ကျပ်

“ခ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၅၅၅၀၀ ကျပ်

“ဂ” “ဌ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၆၆၅၀၀ ကျပ်

“ဃ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၆၆၅၀၀ ကျပ်

“င” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်

အာမခံကြေး = ၆၅၀၀ ကျပ်

စုစုပေါင်း = ၈၁၅၀၀ ကျပ်

“ဟ” ယာဉ်မောင်းလိုင်စင် (သုံးဘီးမောင်းလိုင်စင်) သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၃၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၃၅၅၀၀ ကျပ်

“စ” စပယ်ယာလိုင်စင် သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်

စုစုပေါင်း = ၂၅၀၀၀ ကျပ်

မှတ်ချက်တော့ ရှိတယ်နော် သက်တမ်း မကုန်ခင် သက်တမ်းတိုးမှ ဒီလိုကုန်ကျမှာ။ သက်တမ်းကုန်တဲ့ လိုင်စင်ဆိုရင်တော့ သက်တမ်းကုန်တဲ့ ဒဏ်ကြေးပါပေးရမှာ။ သက်တမ်းကလဲ ရက်ပေါင်း (၆၀) ကြိုတင် တိုးလို့ရတယ် ဆိုတာလဲ မမေ့နဲ့ဦး။ ကဲ သိပြီးနော် အခြား သူငယ်ချင်းတွေနဲ့ ယာဉ် အသုံးပြုသူတွေ မသိသေးဘူးဆိုရင်လဲ ပြောပြလိုက်ပါအုံး သူငယ်ချင်း။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (22.2.2019)