Skip to main content

ဒိန်ချဉ်ကြိုက်တဲ့သူတွေ သတိထားဖို့ပါ တစ်ခါ နှစ်ခါပဲဆို ရေးဖြစ်ဦးမယ် မထင်ဘူး ခုတစ်ချိန်ပါဆို သုံးကြိမ်မြောက်မို့ပါ

ရေးသင့်မရေးသင့် အကြိမ်ကြိမ် စဉ်းစားပြီးမှ ရေးဖြစ်တာပါ။ ရေးသင့်တယ် အများပြည်သူကို အသိပေးသင့်တယ် ထင်လို့ပါ။ ကြုံရတဲ့ဟာက တစ်ခါ နှစ်ခါပဲဆို ရေးဖြစ်ဦးမယ်မထင်ဘူး။ ခုတစ်ချိန်ပါဆို သုံးကြိမ်မြောက်မို့ပဲ။

Brand name ကို မန်းရှင်းမလုပ်တော့ဘူး။ စားသုံးသူတွေ မြင်တာနဲ့သိမယ်။

အဆိုပါ ဒိန်ချဉ်ဗူးကို နှစ်သက်မိတာမို့ မကြာခဏဆိုသလိုသောက်ဖြစ်တယ်။ 0% အဆီထုတ်ထားတဲ့ ဒိန်ချဉ်ဗူးတွေနဲ့အတူ သူ့ကိုပါတွဲဝယ်ဖြစ်တယ်။



ပထမဆုံးအကြိမ်က သောက်ရင်း မကုန်ပဲ ၄/၅ရက်မသောက်မိတော့ ရေခဲသေတ္တာထဲကဆွဲထုတ် ဘေစင်ပေါ်တင်ထားမိတယ်။ ပြီးသွန်ပြီးအမှိုက်ဗုံးထဲ ထည့်မယ်ပေါ့။ မိနစ်ပိုင်းအတွင်း (၅-၁၀) အတွင်း ဗုံးပေါက်သလို အသံကြီးကြားလို့ ကြည့်လိုက်တော့ မီးဖိုးခန်းတစ်ခုလုံးမျက်နှာကျက်တွေပါမကျန် ဒိန်ချဉ်ဗူးပေါက်ပြီးစင်ထားတာ ပေပွနေတာပဲ။ အတော်ရှင်းယူလိုက်ရတယ်။

အဲ့တုန်း expired ဖြစ်မဖြစ်သတိမထားမိဘူး။ နောက်တစ်ခေါက်က ပြီးခဲ့တဲ့ ကြာသပတေးနေ့။ အဲ့နေ့ကတောexpired ဖြစ်လို့ ရေခဲသေတ္တာထဲကထုတ်လိုက်တာ။ ထပေါက်ပြန်တယ်။

ထားလိုက် ဒါတွေက expired ဖြစ်လို့။ ခုစနေနေ့က city mart ကနေဝယ်လာတယ်။ ဗူးကြီးမကုန်မှာစိုးလို့ ဗူးသေးလေးဝယ်တယ်။ manufactured date က 8/2/2020 ။ ဒီနေ့ ကသုံးရက်မြောက်။ expired date က 18/2? 8/3? လားပဲ။



ဒီမနက်ကျောင်းလာတော့ အိတ်ထဲဗူးလေးထည့်လာတယ်။ အိမ်ပေါ်ကဆင်း ကားမလာလို့ taxi ငှား အလွန်ဆုံး၁၀ မိနစ်ပဲ။ ဗုန်းကနဲအသံကြားပြီး လက်ပါနာသွားတာ။ အပြင်ကလား? ကားကထပေါက်သလား? ကိုယ်ရော taxi အဘပါလန့်သွားကြတာ။ ပြီးမှ သတိရတယ်။ ဒိန်ချဉ်ဗူး။ မြင်ရတဲ့အတိုင်းပါပဲ။

Dairy provisionတွေဟာ fridge တွေထဲထားရမယ်။ မှန်တယ်။ အပြင်ရောက်တာနဲ့ ထပေါက်ရရောလား? citymart တွေ storesတွေကဝယ်လာမယ်။ အိမ်နဲ့ marts တွေကြားက အကွာအဝေးကြား ထပေါက်နိုင်တယ် ပေါ့။ fridgeနဲ့ shopping ထွက်ရမယ်လား?

သူတစ်ပါး အကျိုးစီးပွား မထိခိုက်စေလိုပေမယ့် သဘာဝအတိုင်း မဟုတ် chemicals တွေအများကြီးပါတဲ့ စားသောက်ကုန်တွေက centres တွေမှာ နေရာရနေကြတယ်။ ပြည်သူတွေက စိတ်ချလက်ချ စားသုံးနေကြတယ်။ ဆေးရုံတွေ ဆေးခန်းတွေမှာ ပြည်သူတွေ နာမကျန်းတဲ့ တိုင်းပြည်ကြီးကိုတည်ဆောက်နေကြတယ်။

Thazin