Skip to main content

ကောလိပ် ကျောင်းသားချင်း ခိုက်ရန် ဖြစ်ပွားရာမှ ဓားထိုးမှု့ဖြစ်ပြီး တစ်ဦး သေဆုံး

ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒေါဆောင်၊ ကျူရှင်ခန်းတွင်၊ ယနေ့နံနက် ၈နာရီခန့်က ရေနံချောင်း ဒီဂရီကောလိပ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှု့ဖြစ်ပြီး တစ်ဦး သေဆုံးခဲ့ ပါသည်။

ဖြစ်စဉ်မှာ16.2.2020 ရက်နေ့ နံနက် ၈ နာရီခန့်က ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒါဆောင် ကျူရှင်ခန်းတွင် ရေနံချောင်းဒီဂရီကောလိပ် ဓာတုဗေဒဌာနမှ ကထိက ဒေါ်ယဉ်နွယ်ဦး၊ ကျူရှင်သင်နေစဉ်၊ ကျူရှင်ခန်းအတွင်း ဓားထိုးမှု့ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။



အောင်မျိုးဦး(ပထမနှစ်) ဓာတုဗေဒ ကျောင်းသားမှ ကျော်မျိုးလင်း (ပထမနှစ်) ကျောင်းသားအား ဘီယာပုလင်းဖြင့် ဦးခေါင်းကို စတင်ရိုက်နှက်ခဲ့ရာ၊ ကျော်မျိုးလင်းမှ အောင်မျိုးဦးအား ဓားဖြင့်ပြန်ထိုးခဲ့သဖြင့် အောင်မျိုးဦး ဓားဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။



သေဆုံးသူ မောင်အောင်းမျိုးဦးမှာ ပွင့်ဖြူမြို့နယ်မှဖြစ်ပြီး၊ ကုန်းမြင့်သာရပ် ပန်းသတင်းဘော်ဒါဆောင်တွင် နေထိုင်သူဖြစ်ပါသည်။ ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာ ဆင်ဖြူကျွန်းမှဖြစ်ပြီး ကုန်းမြင့်သာရပ် ရွှေစကားဝါ ဘော်ဒါဆောင်တွင် နေထိုင်သူ ဖြစ်ပါသည်။



15.2.2020 ရက်နေ့ နံနက်ကလည်း ဓာတုဗေဒဌာန ဒေါ်ယဉ်နွယ်ဦး ကျူရှင်ချိန် တောင်ပေါ်သားကျုရှင်ခန်းတွင် အင်္ကျီတက်နင်းသည့် ကိစ္စနှင့် ပတ်သက်၍ မောင်ကျော်မျိုးလင်းမှ မောင်အောင်မျိုးဦး၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်ခဲ့သဖြင့်၊သက်ဆိုင်ရာ ညောင်လှရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ၊ ရဲစခန်းတာဝန်ရှိသူများမှ ဦးခေါင်းဒဏ်ရာရရှိသူ၊ မောင်အောင်မျိုးဦး အား ရေနံချောင်းဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ခဲ့ပြီး နောက်တစ်နေ့၊ယခုဖြစ်စဉ် ဖြစ်ခဲ့ကြောင်း သိရပါသည်။

ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာ အဖမ်းမခံဘဲ ထွက်ပြေးနေကြောင်း။

Yan Shin