Skip to main content

သူစိမ်းကောင်းရင် ဆွေမျိုးထက် သာတယ်ဆိုတာလဲ အမှန်ပါ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက် သာတယ်ဆိုတာလဲ လက်တွေ့ပါ

ဆွေမျိုးတိုင်း မကောင်းဘူး မဟုတ်ပါဘူး ဒါပေမယ့် ကိုယ်နဲ့ပတ်သက်တဲ့ ဆွေမျိုးတွေကတော့ တော်တော် ငွေခင်တတ်တဲ့ အမျိုး။ ငွေလေးမြင်ရင် ဟိုးအဝေးကြီးရောက်နေလဲ ပြေးပြီးလာနှုတ်ဆက်ဖော်ရတယ် ။ အမျိုးဘယ်လိုတော်တာ ဘယ်ညာတော်တာ လာပြီးစပ်ပြတယ် ။

ဘူးသီးကို မြင်နေပြီပဲ အရီးခေါ်ဖို့လဲ ဝန်မလေးဘူးလေ ဒါပေမယ့် လက်ထဲမှာ ငွေမရှိတဲ့အခါလို့ ဆက်ပြီးပြောဖို့တောင် အချိန်မရဘူး။ အနီးအနားမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိတော့ဘူး ကိုယ်များနိမ့်ကျနေရင် အရင်ဦးဆုံး အပုတ်ချတာ ကိုယ့်အမျိုးအရင်း ခေါက်ခေါက်ကြီးတွေကပဲ။

သူစိမ်းတွေက နဲနဲအပြစ်ပြောရင် သူတို့က ပိုပိုသာသာလေး ထည့်ပြီးပြောတတ်ကြတယ် ကိုယ်များအဆင်မပြေရင် ငဲ့ကြည့်ဖို့မပြောနဲ့ အကူအညီတောင်းမှာကြောက်လို့။ လမ်းမှာတွေ့ရင်တောင် မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာမျိုးလေ။ ကိုယ့်ကို ဘယ်အချိန်မှားမလဲလို့ မျက်လုံးဒေါက်ထောက်ကြည့်တဲ့လူတွေထဲမှာ သူစိမ်းတွေထဲ အမျိုးတွေများတယ်။

ဒါပေမယ့် ဆွေမျိုးတွေက ကိုယ့်အပေါ် စေတနာတော့ထားပါ သူတို့သားသမီးတွေကိုသာ နိုင်ချင်မှ နိုင်တာ။ ကိုယ်အမှားများတွေ့လို့ကတော့ ဆုံးမတာလိုလို သြဝါဒခြွေတာလိုလိုနဲ့ ပိုပိုသာသာလေး အပြစ်ပြောတတ်ကြတာလေ။ ကိုယ်မရှိရင် ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ်ရှိလို့ပေးနိုင်တဲ့အခါ ပေးလိုက်ပါ ဒါပေမယ့် ဘာတစ်ခုကိုမှ ပြန်မမျှော်လင့်နဲ့။ ကိုယ်ပေးနိုင်ကမ်းနေနိုင်တုန်းမှာ လူတွေအများကြီး ရှိကောင်းရှိနိုင်ပါတယ် ဆွေမျိုးအင်အား တောင့်တင်းကောင်းတောင့်တင်းနိုင်တယ်။

ကိုယ့်မှာ ဘာမှမရှိတဲ့အခါ ကိုယ်သူတို့ကို ဘာမှ မပေးနိုင်တော့တဲ့အခါ တစ်ယောက်တည်းကျန်ခဲ့ရမှာလဲ မေ့မထားနဲ့။ လူတိုင်းမကောင်းဘူးလို့ မပြောလိုပါဘူး ဘဝတွေကမတူတဲ့အခါ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ချင်းမတူတဲ့အခါ အမြင်ချင်းလဲ ကွာတတ်တယ်လေ။ ကိုယ်မြင်နေရတဲ့ ဆွေမျိုးဆိုတာမျိုးက ဒီလိုမျိုးတွေပါပဲ နိမ့်ကျတဲ့အခါ သူစိမ်းတွေထက် ပိုပိုသာသာလေးပြောတတ်တယ် ကိုယ်မှားသွားတဲ့အခါ သူစိမ်းတွေကြား အတင်းချတတ်တယ်။

ငွေရှိလာတဲ့အခါ အနားကပ်ပြီး ပြုံးပြတယ် မရှိတော့ဘူးဆိုတဲ့တစ်နေ့ ဘာမှ မတော်သလို နေတတ်ကြတယ်။ သဘာဝကပေးတဲ့ ဆွေကောင်းမျိုးကောင်းဆိုတဲ့ ကံဟာ ကိုယ့်ထံမှာ ပါမလာဘူး။ ဘူးသီးသီးမှ အရီးလာတော်တဲ့သူက များတယ်လေ။

သူစိမ်းကောင်းရင် ဆွေမျိုးထက် သာတယ်ဆိုတာလဲ အမှန်ပါ။ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းထက် သာတယ်ဆိုတာလဲ လက်တွေ့ပါ ။

Zuu