Skip to main content

ကလေးတွေ ချောင်းဆိုးတဲ့အခါ လျင်လျင် မြန်မြန် ပျောက်ကင်းစေမည့် နည်းလမ်း

ကလေးတွေ ချောင်းဆိုးတဲ့အခါ အချိန်မကုန်ဘဲနဲ့ ချောင်းဆိုးပျောက်စေတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွားနို့

ကြက်သွန်နီက အအေးမိပြီးချောင်းဆိုးတာ၊ ဖျားတာ၊ လည်ချောင်းနာတာတွေအတွက် ထိရောက်တဲ့ဆေးပါပဲ။ တောက်တောက်စင်းထားတဲ့ ကြက်သွန်နီ၃လုံး၊ ကြက်သွန်ဖြူတစ်တက်၊ နွားနို့တစ်လီတာကို ရောကြိုပါ။ အရသာရှိချင်ရင် ပျားရည်ထည့်လို့ရပါတယ်။ ဒီနည်းက အဆက်မပြတ်ဆိုးတဲ့ချောင်းအတွက် ထိရောက်ပါတယ်။

၂။ နွားနို့၊ နနွင်း

နွားနဲ့ နနွင်းရောဖျော်ထားတဲ့အရည်က ချောင်းဆိုးပျောက်စေတဲ့ သဘာဝဆေးပါပဲ။ နွားနို့နွေးနွေးလေးထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေပြီး ကလေးကို အိပ်ရာမဝင်ခင် တိုက်ပေးနိုင်ပါတယ်။

၃။ ဆား

ခြေထောက်က နွေးနေတဲ့အခါ ချောင်းဆိုးသက်သာပါတယ်။ ဆားကို သင့်တော်ရုံအပူပေးပါ။ ပြီးရင် ကလေးရဲ့ခြေထောက်မှာ လက်ကိုင်ပုဝါ သို့မဟုတ် ပတ်တီးစလေးစည်းပေးပြီး ဆားကို နင်းပေးရုံပါပဲ။ ဆားတွေ အေးသွားပြီဆိုမှ နင်းတာ ရပ်လို့ရပါပြီ။

၄။ ဆားရည်နဲ့ ပလုပ်ကျင်းခြင်း

ဆားရေနဲ့ပလုပ်ကျင်းခြင်းက လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ ဆား စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရေကို ရောမွှေပြီး ပလုပ်ကျင်းပါ။ ပိုပြီးအာနိသင်ရှိချင်ရင်တော့ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းထည့်လို့ရပါတယ်။

၅။နာနတ်သီးဖျော်ရည်

နာနတ်သီးက လည်ချောင်းထဲက ချွဲတွေကို နည်းပါးစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ နာနတ်သီးဖျော်ရည်ထဲမှာ ဂျင်းအနည်းငယ်ထည့်လို့လည်း ရပါတယ်။ ဒါပေမယ့် နာနတ်သီးဖျော်ရည်မတိုက်ခင်မှာ သင့်ကလေးက နာနတ်သီးနဲ့ တည့်လားဆိုတာတော့ သေချာသိဖို့လိုပါတယ်။

၆။ ဂျင်း

ဂျုံ၊ ပျားရည်၊ သံလွင်ဆီနဲ့ ဂျင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် မွှေထားတာကို လက်ကိုင်ပုဝါထဲ ထည့်ပြီး လက်ကိုင်ပုဝါကို ကလေးရဲ့ရင်ဘတ်ပေါ် တင်ထားပေးပါ။ ညမအိပ်ခင်သုံးနာရီအလိုမှာ တင်ထားပေးတာ ပိုကောင်းပါတယ်။ ဒါပေမယ့် သင့်ကလေးက အရေပြားဓါတ်မတည့်မှုဖြစ်ဖူးတယ် ဆိုရင် ဒီနည်းကို မသုံးသင့်ပါဘူး။

၇။ ရေနွေးနှင့် ရေချိုးခြင်း

အလွန်အမင်း ချောင်းဆိုးတဲ့အခါ ရေနွေးနဲ့ရေချိုးခြင်းက ချွဲတွေ ကြေစေပြီး ချောင်းဆိုးသက်သာသွားမှာပါ။

၈။ ငှက်ပျောသီး၊ ရေ၊ ပျားရည်

ပထမဆုံး လိုအပ်တာကတော့ ရေနွေးတည်ဖို့ပါ။ အဲဒီနောက် ငှက်ပျောသီးတွေကို ပြဲသွားအောင် ချေပါ။ ငှက်ပျောသီးထဲကို ရေနွေးတွေ လောင်းထည့်ပြီး မိနစ်၃ဝကြာ ထားပါ။ ရေနွေးအေးသွားတဲ့အခါ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။ တစ်ခါစားရင် ၁ဝဝမီလီလီတာနဲ့ ၄ ကြိမ် စားလို့ရပါတယ်။ ဒီနည်းက ရင်ကျပ်နာကိုလည်း ပျောက်စေပါတယ်။

၉။ စိုထိန်းမှုထိန်းစက်

ရင်ကျပ်နာ၊ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ စိုထိန်းမှုထိန်းစက်ကို အသုံးပြုပေးခြင်းက အလွန်သက်သာစေမှာပါ။

Credit : Z o m b i e ( Lo v e M e d i a )