ဖုန်းကောက်ရတဲ့ မိန်းကလေးက ဖုန်းပိုင်ရှင်ကို ငွေညှစ်တာမရလို့ ဖုန်းလုနေပါတယ်လို့ ပြန်ပြီး စွပ်စွဲအော်ဟစ် (ရုပ်သံ)
မန္တလေးမှာ ဖုန်းကောက်ရတဲ့ မိန်းကလေးက ဖုန်းပိုင်ရှင်ကို ငွေညှစ်တာမရလို့ ဖုန်းလုနေပါတယ်လို့ ပြန်ပြီး စွပ်စွဲအော်ဟစ် (ရုပ်သံ)
ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ဖုန်းပျောက်သွားတယ်။ ကောက်ရတဲ့ အမျိုးသမီးက ဖုန်းကို ပြန်လိုချင်ရင် ငွေ (၆၀၀၀၀) နဲ့ ပြန်ရွေးခိုင်းတယ်။ ဖုန်းပြန်ရွေးဖို့ ဖုန်းပိုင်ရှင်က သူတို့ချိန်းတဲ့နေရာကိုသွားတော့ ကောက်ရတဲ့ အမျိုးသမီးနဲ့ သူ့ယောက်ျားလာတယ်။
ဖုန်းပိုင်ရှင်နဲ့တွေ့ ဖုန်းပိုင်ရှင်က ကျွန်တော့်ဖုန်းမှာ အရေးကြီးတာလေးတွေပါလို့ပါလို့ ပြောလိုက်တော့ (၇၀၀၀၀) ရမှ ပြန်ပေးမယ်ပြောတယ်။ ဖုန်းပိုင်ရှင်က မလုပ်ပါနဲ့ ဗျာလို့ ပြောတော့။ စျေးဆစ်လို့ဆိုပြီး ဖုန်းမပေးပဲ ဆိုင်ကယ်ပေါ်တက်ပြီး ပြန်မောင်းပြေးကြတယ်။
နောက်နေ့ ထပ်ချိန်း ပြန်တယ်။ ဖုန်းက ပက်တန်လော့ ချထားတာကို ဖုန်းပိုင်ရှင်ကတွေ့တယ်။ ဖုန်းပိုင်ရှင်က ဖုန်းကို လှမ်းယူတဲ့အခါ ဖုန်းလုပါတယ်ဗျို့ဆိုပြီး ဖုန်ကောက်ရသူ အမျိုးသမီးက အော်တယ်။
ပြောချင်တာက မြန်မာပြည်မှာ ဒီလို စိတ်ဓာတ်မျိုးတွေရှိနေတာကိုပါ။ ဖုန်းတစ်လုံးရဲ့တန်ကြေး ဘယ်လောက်ပဲရှိရှိ စိတ်ဝင်စားစရာမဟုတ်ပါဘူး။ ကောက်ရတယ် ပိုင်ရှင်ထံက ငွေညှစ်တယ်။ ငွေ (၇၀၀၀၀) ဆိုတာ ဒီခေတ်ကြီးမှာ ဘယ်လောက်တန်ဖိုးရှိလဲ။ ဘယ်လောက်သုံးရမှာလဲပေါ့။
မိမိရဲ့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးဖြတ်နိုင်တဲ့ ယုတ်ညံ့တဲ့ အတွေးတွေရှိနေတာပဲ။ မိမိကိုယ်တိုင် ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါမျိုးမှာ ကိုယ်ချင်းစာတရာလေးပေါ်လာပါလိမ့်မယ်။
Credit : လောကချမ်းသာ
ဗီဒီယိုကို အောက်မှာကြည့်ပါ။