Skip to main content

ကမ္ဘာ့မှာ တန်ဖိုး စျေးအကြီးဆုံး ထိုင်းဘတ်ငွေ ၂၂ သန်းတန် တိုက်ကြက် အသုဘ (ရုပ်သံ)

ကြက်အမည် ကျောက်မနီဒယ်၊ ဘတ် ၂၂ သန်းကြေး ဖလားလုပွဲမှာ အနိုင်ရရှိလို့ ဒီကြက်ရဲ့ တန်ဖ်ိုးက အော်တို ဘတ်၂၂သန်း တန်ဖိုးရရှိသွားပါတယ်။ (ထိုင်းမှာ တိုက်ကြက်ကို တန်ဖိုးဖြတ်နည်းက နိုင်ကြေးအပေါ်မူတည်ပီး တန်ဖိုးသတ်မှတ်ယူတာပါ။

နောက် မနီဒယ်သည် ထိုင်းကြက်မျိုးစစ်စစ် မဟုတ်ပါ။ မြန်မာတိုက်ကြက်နဲ့ စပ်ဖောက်ထားတာပါ။ ကြက်တစ်ကောင်ကို ခွပ်ရင် ၃ ချီ မကျော်ဘူး။ ထိုင်းဘတ်ငွေ ၂၂ သန်း နဲ့ဝယ်ရင် မြန်မာလူမျိုးတွေ အမြင်မှာတော့ အရူးတွေပဲလို့ ထင်မြင်နေကြမှာ ကျိန်းသေပါ။

ဒါပေမဲ့ မယုံမရှိနဲ့ ဒီတိုက်ကြက်က သူ့ရဲ့ တန်ဖိုး ဘတ်၂၂ သန်းကို ၁ နှစ်၂ နှစ်လောက်နဲ့ အရင်းပြန်ကြေအာင် ရှာပေးတဲ့ အစွမ်းအစ ရှိပါတယ်။ တကယ်လဲ သူ့သခင်ကို ရှာဖွေခဲ့တာပါ။ ဒီကြက်ကို ကြက်မ မျိုးကောင်းတွေ အများကြီးနဲ့ သားဖောက်ရောင်းတာ ကြက်ဥတစ်လုံးကို ဘတ်၂၅ဝဝ ရောင်းပါတယ်။



သားပေါက် အဖိုအမနှစ်ကောင်ကို ဘတ်၃သောင်း အကယ်၍ ကြက်ဥလဲ မယူချင်ဘူး သားပေါက်လဲ မယူချင်ဘူး ကိုယ်ဆီက ကြက်မနဲ့ မျိုးထိုးခ ကြက်မတစ်ကောင် ဘတ် ၂ သောင်း ပေးရပါတယ်။

ကြက်မ အကောင် ၅ဝဝ လောက်နဲ့ သေသေချာချာ မျိုးဆက်ပြီး ကြက်ဥ ထုတ်ရောင်းနေတာတောင် ကြက်မဖျင်က ထွက်တာနဲ့ ဘတ် ၂၅၀၀ ပေးပြီးဝယ်ယူမည့်လူက အဆင်သင့်ရှိပါတယ်။ မိမိလိုချင်တိုင်း ချက်ချင်း ဝယ်လို့မရနိုင်ပါဘူး။ ကြိုတင်စာရင်း သွင်းပီးတော့ မိမိအလှည့်ကျအောင်စောင့်နေရမှာပါ။

မနီဒယ်ရဲ့ သားဖောက် အဖို အမမှန်သမျှ အကုန် မွေးနေ့ မွေးရက်နေ့နံ အတိအကျ ပါရှိမှာပါ။ လက်ရှိ မနီဒယ်ရဲ့ သားဖောက်တွေထဲကနေမှ ဘတ် (၁ဝ) သန်း ဘတ် (၅) သန်း တန်ကြေး အဆင့် နာမည်ကြီး တိုက်ကြက် ပေါ်ထွက်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ တိုက်ကြက်လောကမှာတော့ မနီဒယ်ရဲ့ သားဆိုရင် အလိုလိုနေရင်း တန်ကြေး မြင့်နေပါတယ်။



မနီဒယ်သည် မသေဆုံးခင်အထိ သူ့သခင်အား ဘတ်ငွေ ၂၂ သန်းမက သူ့သခင်ကို ရှာဖွေပေးပြီး သူမိန်းမတွေ သူသားတွေ သမီးတွေ မြေးတွေ မြစ်တွေ အများကြီး ထားခဲ့ပြီးမှ သူသေသွားတာပါ။ ဒါကြောင့် မနီဒယ်အား လူအသုဘလို ပြုလုပ်ပေးတာပါ။

ထိုင်းမှာ မနီဒယ်ပြီးရင် ဒုတိယ တန်ဖိုးအကြီးဆုံး ဘတ် (၁၄) သန်းတန် တိုက်ကြက်ကတော့ မြန်မာတိုက်ကြက် မျိုးစစ်စစ် ပဲဖြစ်ပါတယ်။ သူကတော့ အတက်ဆူး ကစားတာကာ ပွဲတိုင်း ပြိုင်ဘက်တိုက်ကြက်တွေကို မျက်လုံး ဖောက်ပြီး အနိုင်ယူပါတယ်တဲ့။

နောက်ထက် ဗဟုသတ အနေနဲ့ ထိုင်းတိုက်ကြက် မျိုးကောင်းလျှင် ပြိုင်ဘက် တိုက်ကြက်ကို လည်းပင်းရိုးကို ကျိုးကျအောင် အဓိကခွပ်ပြီး အနိုင်ယူပါတယ်။ မြန်မာတိုက်ကြက် မျိုးကောင်းလျှင် ပြိုက်ဘက် တိုက်ကြက်ရဲ့ ခေါင်းနဲ့ မျက်လုံးကို အဓိကခွပ်ပြီး အနိုင်ယူပါတယ်တဲ့။

ဒါကြောင့် လက်ရှိ ထိုင်းနိုင်ငံက တိုက်ကြက် လောကမှာ တန်းဖိုးကြီးတဲ့ နာမည်ကြီးတဲ့ တိုက်ကြက် အများစုထဲမှာ ထိုင်းကြက်မျိုးနဲ့ မြန်မာ ကြက်မျိုးဆက်တဲ့ တိုက်ကြက်တွေ ပိုများသလို မြန်မာ ကြက်မျိုး စစ်စစ်တွေလဲ အများကြီးရှိနေပါတယ်။ မနီဒယ်ရဲ့ အသုဘ ဗီဒီယိုကို အောက်မှာကြည့်ပါ။

Credit : Aung Thu Ya