Skip to main content

ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက် အဖတ်တွေကို လွှင့်မပစ်ဘဲ အကျိုးရှိစွာ အသုံးပြုနည်း

ရေနွေးကြမ်း အိုးထဲက လက်ဖက်ခြောက် ဖတ်တွေကို မလွှင့် ပစ်ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဒါတွေ အတွက် အသုံးတည့်တယ်ပါတယ်။

ဈေးက ဝယ်လာတဲ့ ငါးက တော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့အတူ ညှီနေတဲ့ငါးကို အိုးတစ်ခု တည်းထဲ့ပြုပ် လိုက်ပါ ။ငါးညှီနဲ့ လုံးဝ ပျောက်သွား ပါလိမ့်မယ် ။

လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ရောပြီး မှန် ပြတင်းပေါက် အိမ်သုံးပစည်း နဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ် တွေကို ဆေးကြောပွတ်တိုက် ပါ ။ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ် လိုက်ပါ ။ သန့်ပြီး တောက်ပြောင်သွား ပါလိမ့်မယ် ။

လဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကို လောင်းပေးနိုင်ရင် သဘာဝ မြေသြဇာ ကိုရရှိစေ ပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ် ။

လဖက်ခြောက်ဖတ် တွေကို အခြောက်လှမ်းပြီးကြက်ဥ နဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ် ။

လဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရိူ့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ အစားလည်း အသုံးပြု နိုင်ပါတယ် ။

လဖက်ခြောက်ဖတ် တွေ ကို နေလှန်းပြီး ခေါင်းအုံး ထဲထည့် ခေါင်းအုံ့ အိပ်ရင် ပျော့ပြောင်း စွာ အိပ်စက် ရရုံ တင်မက အပူ ကို ပါ ကျစေပါတယ် ။

လဖက်ခြောက်ဖတ် ကို မျက်နှာပေါ် ပွတ်တိုက်ပေးခြင်းဖြင့်လည်း မျက်နှာပေါ်ရှိ အမဲစက်/တင်းတိတ်များ ပျောက်ကင်း စေပါတယ်။

ပြစ်ရတော့မဲ့ လဖက်ခြောက် တွေ ကို အကျိုးရှိရှိ သုံးဖြစ်စေရန် ရည်ရွယ် ရင်း မျှဝေပေးလိုက်ပါတယ် ရှင်။

Credit : အကယ်ဒမီ

Copyright by Saung Hnin December