Skip to main content

အဆုတ် အတွင်းရှိ အဆိပ်အသောက်များကို သန့်စင်စေသော ကန်စွန်းရွက်ပြုတ် ဟင်းချို

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။ ပျားရည် (၄၀၀) ဂရမ်၊ ရေ (၄)လီတာမျှ၊ ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး။

ပြုလုပ်နည်း

အထက်ပါ ပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။ အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက္ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။ ကန်စွန်းရွက် ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။



အကျိုးသက်ရောက်ပုံများမှာ

(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်၀န်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။

(၂) အာပုပ်နံ့ နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။

(၃) ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူမ်ားသူမ်ား သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။

(၄) အဆုတ် သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

Credit : Original Writer